ယူကရိန်း အခြေအနေမကောင်းရင် အီးယူက သူတို့စစ်တပ်ကိုပါ ဝင်တိုက်ခိုင်းမယ်လို့ ကြံစည်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယူကရိန်း အခြေအနေမကောင်းရင် အီးယူက သူတို့စစ်တပ်ကိုပါ ဝင်တိုက်ခိုင်းမယ်လို့ ကြံစည်နေ


ဖေဖော်ဝါရီ - ၁၆ ( တနင်္ဂနွေနေ့ ) 

အကယ်၍များ ယူကရိန်း စစ်တပ်က ရုရှားစစ်တပ်ကို မတိုက်နိုင်ဘူးဆိုရင် အီးယူ နိုင်ငံအချို့က သူတို့ရဲ့ စစ်တပ်တွေကို ယူကရိန်းစစ်တပ်နဲ့ရောပြီး ရုရှားကို ပြန်တိုက်ဖို့ရာ စီစဉ်နေတယ်ဆိုတဲ့အကြောင်း အေပီသတင်းတစ်ရပ်အရ သိရပါတယ်။ 

အထူးသဖြင့် ပြင်သစ်သမ္မတ အမ်မန်နျူရယ် မာခွန် နဲ့ အီးယူ စီနီယာ ထိပ်တန်းအရာရှိကြီးတွေက အဲ့ဒိအကြောင်းကို မနှစ်က ဖေဖော်ဝါရီလကတည်းက လုပ်ဖို့အတွက် ခေါင်းချင်းရိုက်ပြီးသားဖြစ်ပါတယ်။ သတင်းဌာနဖော်ပြပါ ဆောင်းပါးမှာ ဗြိတိန်နှင့် ပြင်သစ်တို့သည် "ကြိုးပမ်းမှု၏ ရှေ့ဆုံးမှဖြစ်သည်" ဟု အေပီသတင်းတွင် ဖော်ပြထားပါတယ်။ 

“ငြိမ်းချမ်းရေးယူမယ်ဆိုရင်တော့  ယူကရိန်းအတွက် လုံခြုံရေး အာမခံချက်မျိုး လိုအပ်ပြီး ယူကေက အဲဒီကိစ္စမှာ ပါဝင်ဆောင်ရွက်မှာပါ” လို့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာ က ပြောတယ်လို့ ဖော်ပြခဲ့ပါတယ်။ အမေရိကားမှာ ဒေါ်နယ်ထရမ့် သမ္မတဖြစ်သွားတဲ့ အချိန်ရောက်မှပဲ အီးယူနိုင်ငံတွေရဲ့ကြိုးပမ်းမှုက ပြေလျော့သွားပါတယ်။ အဲ့ဒိအစီအစဉ်မှာ ပါဝင်တဲ့ အီးယူအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ယူကေ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ ပိုလန်၊ ယူကရိန်း၊ နေတိုးနှင့် EU တို့မှ ခေါင်းဆောင်များနှင့် ဝန်ကြီးအဖွဲ့တစ်ဖွဲ့သည် ဒီဇင်ဘာလမှာပဲ အီးယူဌာနချုပ် ဘရပ်ဆဲလ်မှာ တွေ့ဆုံခဲ့ပြီး ယူကရိန်းမှာ အနောက်နိုင်ငံများ၏ တပ်ဖြန့်မှုဆိုင်ရာ အလားအလာများကို ဆွေးနွေးခဲ့တယ်လို့ ယူဆရပါတယ်။

မြူးနစ် လုံခြုံရေး ညီလာခံ ရဲ့ ပြင်ပ အင်တာဗျူး တစ်ခုမှာ အက်စ်တိုးနီးယား ကာကွယ်ရေးဝန်ကြီး ဟန်နိုပက်ကူရာ ကို အေပီက အင်တာဗျူးတဲ့နေရာမှာ “ကျနော်တို့ဝင်ဖို့ရာက နည်းနည်းစောနေတယ်၊ ရှေ့တန်းစစ်မြေပြင်က မိုင် ၆၀၀ လောက်ရှိနေတော့ လုပ်ရကိုင်ရတာ နည်းနည်းခက်နေတာပါ။ အခုတော့ အပစ်ရပ်ဆဲရေးကို ဦးတည်လာပြီဆိုတော့ ၂ဖက်စစ်တပ်ရဲ့ အရေအတွက် အတိုင်းသွားတော့မှာပါ” လို့ ပြောသွားပါတယ်။  

ပြီးခဲ့တဲ့လကတော့ ယူကရိန်းသမ္မတ ဇီလန်စကီးက ဥရောပနိုင်ငံတွေကို သူတို့နိုင်ငံအား စစ်သား ၂သိန်းပို့လွှတ်ပေးဖို့ တောင်းဆိုထားတယ်လို့ ဖော်ပြပါရှိပါတယ်။ အဲ့ဒိကိစ္စနဲ့ပတ်သက်ပြီး ဂျာမဏီနဲ့ ဘောလ်တစ်နိုင်ငံအချို့က ကန့်ကွက်ခဲ့ပြီး ပြင်သစ်နဲ့ နော်ဒစ်နိုင်ငံတွေက ထောက်ခံခဲ့ကြပါတယ်။ 


REF - RT

#News #MNP 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)