မြောင်းမြမြို့ ပြည်သူ့ဆေးရုံကြီး၌ အခမဲ့မျက်စိခွဲစိတ်ကုသပေးမှုများ ဆက်လက်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောင်းမြမြို့ ပြည်သူ့ဆေးရုံကြီး၌ အခမဲ့မျက်စိခွဲစိတ်ကုသပေးမှုများ ဆက်လက်ဆောင်ရွက်

 


မြောင်းမြ၊ ဖေဖော်ဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် အခမဲ့မျက်စိခွဲစိတ်ကုသပေးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၇:၀၀)နာရီအချိန်တွင် ခုတင်(၂၀၀) ဆံ့ပြည်သူ့ဆေးရုံကြီး၌ ခွဲစိတ်ကုသမှုများဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှ (၁၄) ရက်နေ့အထိ မြောင်းမြမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား မျက်စိခွဲစိတ်ကုသပေးမှုများဆောင်ရွက်ပေးလျက်ရှိရာ မျက်စိ ပြင်ပလူနာ(၁၁၂၅) ဦးအား စမ်းသပ်ကြည့်ရှုခဲ့ပြီး မျက်စိအတွင်းတိမ်လွှာလူနာစုစုပေါင်း (၂၀၀) ဦးတို့အား တစ်နေ့လျှင်  (၄၀)ဦးနှုန်းဖြင့် ခွဲစိတ်ကုသပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ခွဲစိတ်ကုသပေးမှုများအား မြောင်းမြ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အမျိုးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များကို  ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ဇေယျာ(မြောင်းမြ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)