ငပုတောမြို့၌ မြို့နယ်စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့် နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပုတောမြို့၌ မြို့နယ်စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့် နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ





ငပုတော၊ ဖေဖော်ဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့် နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ငပုတောမြို့၊ အမအခြေခံပညာအထက်တန်းကျောင်း၊ နဝရတ်ခန်းမတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ မြို့နယ်စဉ်ဆက်ပညာရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မြို့နယ်စဉ်ဆက်ပညာရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ဦးကျော်သူက“နိုင်ငံတော်မှကောက်ယူခဲ့သည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများအရ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စာတတ်မြောက်မှုနှုန်းကို သန်းခေါင်စာရင်း ထုတ်ပြန်ချက်များတွင် ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း၊ စာမတတ်သူများကို နှစ်အလိုက် စာတတ်မြောက်ရေးလုပ်ငန်း သင်ကြားပေးခြင်းဖြင့် လျှော့ချနိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ပူးပေါင်း၍ စာတတ်မြောက်ရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်လျက်ရှိပါကြောင်း၊  လူငယ်များအပါအဝင် ပြည်သူများ စာပေ လေ့လာဖတ်ရှုနိုင်မည့် ပတ်ဝန်းကျင်များ ဖန်တီးပေးကြရမည်ဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် စာတတ်ပြီးသူများအတွက် အမှန်တကယ် လိုအပ်နေသည့်  စာဖတ် ရှိန်မြှင့်တင်ပေးနိုင်ရေး၊ ဝင်ငွေတိုးပွားရေးအတွက် အလုပ်အကိုင်နှင့် အခွင့်အလမ်းများ အခမဲ့ ဖွင့်လှစ်သည့်  ဌာန၊ ကျောင်း၊ အသင်းအဖွဲ့များနှင့် ချိတ်ဆက်ပေးနိုင်ရေး၊ ဘဝသာယာရေးအတွက် သိသင့်သိထိုက်သည်များအား အသိပညာပေးခြင်း အစရှိသည့် အစီအစဉ်(၃)ရပ်တို့ကို ထိထိ ရောက်ရောက် လုပ်ဆောင်ပေးနိုင်အောင် သက်ဆိုင်ရာအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန် မှာကြားလိုပါကြောင်း၊  သင်တန်းမှပေးသည့် သင်ခန်းစာများကို ထိထိရောက်ရောက် သင်ယူသွားကြ၍ မိမိမြို့နယ်အတွက် အကျိုးရှိအောင်ပြန်လည်လုပ်ဆောင်သွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း” အမှာစကားပြောကြားသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဧည့်သည်တော်များသည် “မနီတို့၏ ရွာနှင့်သစ်တော” ဗီဒီယိုပြသမှုကို ကြည့်ရှုအားပေးခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်တွင် စဉ်ဆက်ပညာရေးလုပ်ငန်းနည်းပြသင်တန်းကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်နေ့မှ ဖေဖော်ဝါရီလ (၅)ရက်နေ့အထိ ဖွင့်လှစ် သင်ကြားပြသပေးမည်ဖြစ်ကြောင်း သိရသည်။


အောင်သူ

#MNP #News 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)