နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉
မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်သည် မန္တလေးတိုင်းဒေသကြီး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ် မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အတူ ယနေ့နံနက် ၉ နာရီတွင် မန္တလေးမြို့ မြို့တော်ခန်းမ၌ကျင်းပသည့် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ဦးစွာ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးက မန္တလေးတိုင်းဒေသကြီးအနေဖြင့် ပန်းခင်း စီမံချက်အဆင့်(၁)တွင် လျာထားချက် ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခဲ့ပြီး ပန်းခင်းစီမံချက်အဆင့်(၂)နှင့် (၃)တို့တွင် အကြောင်းအမျိုးမျိုးကြောင့် ဆောင်ရွက် ရန်ကျန်ရှိမှုနှင့် ထပ်မံ၍ အသက် ၁၈ နှစ်ပြည့်လာ မည့်သူများအတွက် ယခုပန်းခင်းစီမံချက်အဆင့်(၃) ဖြင့် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၃၁ ရက်အထိ လျာထားဆောင်ရွက်ရာတွင် မန္တလေးတိုင်းဒေသကြီး အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား စုစုပေါင်း တစ်သောင်းကျော်ထုတ်ပေးရန် လျာထားဆောင် ရွက်လျက်ရှိကြောင်း၊ ယခုအခါ ဒေသအချို့၌ဖြစ်ပွား ခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များ၊ သဘာဝဘေး အန္တရာယ်များကြောင့် ယာယီနေရပ်စွန့်ခွာရွှေ့ပြောင်း သွားလာနေထိုင်မှုများရှိနေကြပြီး ယင်းတို့၏စာရင်း အချက်အလက်များ တိကျမှန်ကန်စွာရရှိရေး ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ရွှေ့ပြောင်းနေထိုင်သူ များနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေး၊ ဥပဒေ နှင့် ကိုက်ညီသူများ မဲစာရင်းတွင် ပါဝင်စေရေး၊ မဲစာရင်းတစ်နေရာထက် ပိုမိုပါဝင်မှုမရှိစေရေးတို့ အတွက် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အပြန် အလှန် ဆက်စပ်ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပန်းခင်းစီမံချက်အဆင့်(၃) လျာထားသတ်မှတ်ချက် အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ယာယီရွှေ့ပြောင်းနေထိုင်လာသူများ စာရင်း ကောက်ယူပြုစုဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တာဝန်ရှိသူများက လုပ်ငန်းများ အောင်မြင်ရေးအတွက်ကဏ္ဍအလိုက် ဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ချမ်းအေးသာစံမြို့နယ်ရှိ ပြည်သူ့အင်အားဦးစီးဌာန အဆောက်အအုံ၌ ကချင်ပြည်နယ် ဗန်းမော်ဒေသမှ ယာယီရွှေ့ပြောင်းရောက်ရှိလာကြသည့် ခရိုင်နှင့် မြို့နယ်အချို့မှ ဝန်ထမ်းများကို သွားရောက်တွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက် ဖွယ်ရာများကို ပေးအပ်ပြီး အဆိုပါအဆောက်အအုံ အတွင်း ယာယီရုံးခွဲများဖွင့်လှစ်ထားရှိမှုနှင့် ဝန်ထမ်း များနေထိုင်နိုင်ရေး၊ ရေ၊ မီး ရရှိရေး ဆောင်ရွက်ထား ရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်ကွက်ရှိ ဝါးခင်းကုန်းဓမ္မာရုံ၌ ချမ်းအေးသာစံမြို့နယ် ဦးစီးမှူး ရုံးမှ ဝန်ထမ်းများက ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် လုပ်ငန်းစဉ်အဆင့်အလိုက် နိုင်ငံသားစိစစ်ရေးကတ်ပြား စိစစ်ဆောင်ရွက်ပေးနေ မှု၊ နိုင်ငံသားကတ်ပြားရရှိသူများအား e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက်(Biographic)နှင့် ဇီဝ ဆိုင်ရာအချက်အလက် (Biometric) ကောက်ယူ၍ ဂဏန်း ၁၀ လုံးပါ Unique ID နံပါတ်ထုတ်ပေးဆောင် ရွက်နေမှုတို့ကို ကြည့်ရှုအားပေးကာ တာဝန်ရှိသူများ အား လုပ်ငန်းလိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက် ပေးပြီး လာရောက်ဆောင်ရွက်ကြသည့် ပြည်သူများ အား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
ယင်းနောက် ပြည်ကြီးတံခွန်မြို့နယ်ဦးစီးမှူးရုံး သို့သွားရောက်၍ မြို့နယ်ရုံးအတွင်း၌ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများ၊ လဲလှယ် နှင့်မိတ္တူလျှောက်ထားသူ ပြည်သူများအား ပန်းခင်း စီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားကတ်ပြားစိစစ် ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ e-ID စနစ်ဖြင့် Biographic/ Biometric UID နံပါတ်တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေမှု၊ မြို့နယ်ရုံးအတွင်း စာရွက်စာတမ်းများ ထိန်းသိမ်း ထားရှိမှုနှင့် မှတ်တမ်းခန်းအတွင်း ကိုယ်ရေးဖိုင်များ စနစ်တကျထိန်းသိမ်းထားရှိမှု၊ မီးဘေးအန္တရာယ်နှင့် ပိုးမွှားအန္တရာယ် ကာကွယ်ရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ အောင်မြေသာစံမြို့နယ်ရှိ ဧည့်ရိပ်သာခန်းမ၌ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ဦးစီးမှူးတို့ကိုတွေ့ဆုံ ၍ လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့်အညီ စနစ်တကျဆောင်ရွက်ကြရေး ရှင်းလင်း မှာကြားကာ ခရိုင်နှင့် မြို့နယ်ဦးစီးမှူးများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#MNP #News
https://t.me/MyanmarNationalPost

No comments:
Post a Comment