နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို နေပြည်တော် စုပေါင်းစက်ဘီးစီးပွဲတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို နေပြည်တော် စုပေါင်းစက်ဘီးစီးပွဲတက်ရောက်


နေပြည်တော်၊ ဖေဖော်ဝါရီ ၈

၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို နေပြည်တော် စုပေါင်း စက်ဘီးစီးပွဲကို ယနေ့ ၇ နာရီတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြိုနယ်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှေ့၌ ကျင်းပရာ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ စက်ဘီးစီး ဝါသနာရှင် အားကစားသမားများ တက်ရာက်ကြကြောင်း သိရသည်။

ဦးစွာနေပြည်တော် အားကစားနှင့်ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သေနတ်ပစ်ဖောက်၍ နေပြည်တော် စုပေါင်းစက်ဘီးစီးပွဲကို စတင်၍ တာလွှတ်ပေးသည်။

ထို့နောက် နေပြည်တော် စုပေါင်းစက်ဘီးစီး ဝါသနာရှင် အားကစားသမားများ စုစုပေါင်း ၂၀၀ ဦးတို့က ၈ ကီလိုမီတာ စက်ဘီးစီးကြပြီး ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှေ့သို့ ပြန်လည်ရောက်ရှိကြရာ စက်ဘီးနှစ်စီး၊ စက်ဘီးစီးဖရိန်တစ်ခုနှင့် စက်ဘီးစီးဝတ်စုံ ၁၁ စုံတို့ကို ကံစမ်းမဲဖောက်ပေးကာ နေပြည်တော် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော် ကောင်စီဝင်များနှင့်တာဝန်ရှိသူများက ကံစမ်းမဲပေါက်သည့် အားကစားသမားများအား ဂုဏ်ပြုပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကိုယ်ပိုင်ကျောင်းများအသင်းမှ ဦးစီးကျင်းပသည့် စက်ဘီး-မီနီမာရသွန်ပြိုင်ပွဲကို ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ဥပ္ပါတသန္တိစေတီတော်ရှေ့ ရာဇဌာနီ လမ်းမကြီး၌ အမျိုးသား(မီနီမာရသွန်)ပြိုင်ပွဲတွင် ၁၇၈ ဦး၊ အမျိုးသမီး (မီနီမာရသွန်) ပြိုင်ပွဲတွင် ၆၁ ဦး၊ အသက် ၁၅ နှစ်အောက် စက်ဘီးစီးပြိုင်ပွဲတွင် ၇၈ ဦးနှင့် အသက် ၁၅ နှစ်အထက် စက်ဘီးစီး ပြိုင်ပွဲတွင် ၃၈ ဦး စုစုပေါင်းပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူ ၃၅၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ယနေ့နေပြည်တော် အပျော်တမ်းစက်ဘီးစီးအဖွဲ့မှဦးစီး၍ စက်ဘီးစီးဝါသနာရှင် အားကစားသမားများ စုစုပေါင်း ၂၀၀ ဦးဖြင့် စီးနင်းခဲ့ကြကြောင်း သိရသည်။


ထွန်းထွန်းဝင်း

#MNP #News 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)