ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း Global Earth Agro & Aqua Industry Public Co., Ltd သို့ သွားရောက်၍ ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း Global Earth Agro & Aqua Industry Public Co., Ltd သို့ သွားရောက်၍ ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုအားပေး




 ပုသိမ်၊ ဖေဖော်ဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဖေဖော်ဝါရီလ(၁)ရက်နေ့ ညနေပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်၍  ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား ကုမ္ပဏီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စပါးခွံလောင်စာသုံး boilerနှင့် turbine အသုံးပြုပြီး လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်ရေးလုပ်ငန်းခွင်အတွင်း စပါးခွံသိုလှောင်ရုံ တည်ဆောက်ပြီးစီးနေမှုအခြေအနေများ၊ စပါးခွံနှင့် အခြားဇီဝလောင်စာများ သယ်ယူရန် conveyor စနစ်၊ တနာရီ ၆၅ တန် ရေနွေးငွေ့ဘွိုင်လာ ၂ လုံး၊  flue gas တွင် ပါလာနိုင်သည့် အမှုန်များကို သိမ်းဆည်းပေးသည့် Electrostatic Precipitators (ESP)၊ Turbine အဆောက်အဦအတွင်း 30 MW လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မည့် 15 MW Steam turbines generators ၂ စုံနှင့် ဆက်စပ်စက်ပစ္စည်းများ၊ ပိုက်လိုင်းများတပ်ဆင်နေမှု၊ လျှပ်စစ် panel များတပ်ဆင်နေမှု လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ပြီး စပါးခွံသယ်ယူရာတွင် ပိုမိုလျင်မြန်စေရန် လေစုပ်စက်စနစ်ဖြင့် အသုံးပြုရန် စက်ပစ္စည်းရောက်ရှိနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် Gasifier control room တွင် gasifier နှင့် gas purification system တို့ကို computer control system ဖြင့် ထိန်းချုပ်လည်ပတ်သည့်စနစ်ကို စတင်စမ်းသပ်သုံးစွဲနေမှု၊ ဘေးထွက်ပစ္စည်းများအနက်မှ biochar များကို  အသုံးပြု၍ အကျိုးပြု ဇီဝပိုးမွှားများပါဝင်သည့် မြေဩဇာများ ထုတ်လုပ်နိုင်ရေးဆောင်ရွက်နေမှု၊ အခြားဘေးထွက်ပစ္စည်းများဖြစ်သည့် စပါးခွံပေါင်းခံရည်ကိုလည်း ဇီဝပိုးပြေးဆေးအနေဖြင့် အသုံးပြုနိုင်ရန်နှင့် bio tar များကို ဆောက်လုပ်ရေးလုပ်ငန်းသုံး သုတ်ဆေးတွင် အသုံးပြုနိုင်ရန်  စမ်းသပ်ဆောင်ရွက်မှုအခြေအနေများ၊ 12 MW လျှပ်စစ်ဓါတ်အားထုတ်နိုင်မည့် gasifier နှင့် gas engine သုံး  လျှပ်စစ်ဓါတ်အားပေးစက်ရုံတွင် လျှပ်စစ်ဓါတ်အား စမ်းသပ်ထုတ်လုပ်နေမှုနှင့် ရောက်ရှိထားသော gas engine ၂၁ လုံး၊ ဆက်စပ်စက်ပစ္စည်းများနှင့် ပိုက်လိုင်းများ တပ်ဆင်ရေး ဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငါးအသားလွှာ ပြုပြင်ထုတ်လုပ်မှုနှင့် အအေးခန်းသိုလှောင်ရုံတို့တွင် အပူချိန်ထိမ်းနံရံများတပ်ဆင် ရေးဆောင်ရွက်နေမှုများ၊ zero degree အအေးခန်း တည်ဆောက်နေမှု၊ အနှုတ် ၂၅ degree automated cold storage warehouse စနစ်တည်ဆောက်ပြီးစီးနေမှုများ၊ automated warehouse system ကို အသုံးပြု၍ အလိုအလျောက် ပစ္စည်းများကို သိုလှောင်ထားရှိနိုင်မှုနှင့် ထုတ်ယူနိုင်မှုစနစ်များအတွက်  စက်ပစ္စည်းများ တပ်ဆင်ထားမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် သိပ္ပံနည်းကျ အဆင့်မြင့် နည်းပညာအသုံးပြု၍ လှောင်ကန်များဖြင့် အဆင့်ဆင့်မွေးမြူမည့်စနစ်ကို ကျင့်သုံးထားသည့် (၁)ကီလို အရွယ်အစားရှိအကောင်ရေ တစ်သန်း၊ (၁.၅)ကီလို အရွယ်အစားရှိ အကောင်ရေ(၆)သိန်း မွေးမြူနိုင်သည့် ငါးမွေးကန် ၁၂ စုံ တည်ဆောက်နေမှု လုပ်ငန်းများသို့ သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းပြသမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးနှင့် စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးမှာကြားခဲ့ပြီး လိုအပ်သည်များ တင်ပြမှုများအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။


လှမင်းထွဋ်

#MNP #News 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)