အကောက်ဉာဏ်နဲ့ ခလောက်ဆန်ပြီး စီးပွားရှာနေကြတဲ့ NUG ဘက်တော်သားများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကောက်ဉာဏ်နဲ့ ခလောက်ဆန်ပြီး စီးပွားရှာနေကြတဲ့ NUG ဘက်တော်သားများ



စာအရှည်ကြီးရေးပြီး ပြောဆိုမနေချင်တော့ပါဘူး။ အဓိက အချက်ကိုပဲ အဓိကထားပြီး ပြောလိုက်ပါမယ်။ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်အဖွဲ့က ဘာသာရေးကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ အခြားသော ဘာသာဝင်တွေထက် ဗုဒ္ဓဘာသာ လူ့ဖွဲ့အစည်းက ပိုပြီး သတိပြုရမယ့် အခြေအနေမျိုးဖြစ်လာပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညနေ ၆နာရီ အချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြိုနယ်၊ ကံကြီးတောကျေးရွာ၌ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်ဖြစ်သူ ဖာသာရ်မာတင်ဒေါနယ် ကို PDF က ကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီးပြီးနောက် ရွာအပြင်မှာ ဓါးဖြင့် အပိုင်းပိုင်း ပြုလုပ်ပြီး သတ်ဖြတ်လိုက်ပါတယ်။

အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားမျှတမှု ဖော်ဆောင်ပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများ အဖွဲချုပ် ဥက္ကဋ္ဌ ကာဒီနယ် ချားလ်စ်ဘိုက ကြေညာချက် ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။ ရက်ပိုင်းအတွင်းမှာပဲ NUG အကြမ်းဖက်အဖွဲ့ကို ဝန်းရံတဲ့ အကြမ်းဖက်လှုံ့ဆော်မီဒီယာတွေက ကျူးလွန်သူတွေကို NUG က အရေးယူမှာပါ၊ ဖမ်းဆီးထားပါပြီဆိုတဲ့ သတင်းတွေ ဖော်ပြခဲ့ပါတယ်။

ဒါက ဘာကို ပြဆိုနေသလဲဆိုရင် NUG အကြမ်းဖက်အဖွဲ့ ဦးဆောင်သူ အများစုဟာ ခရစ်ယာန်တိုင်းပြည်တွေမှာ ခိုလှုံနေရတာ ဖြစ်တဲ့အတွက် ခရစ်ယာန်ဘာသာဝင်တွေအပေါ် မထီမဲ့မြင်ပြုပြီး အကြမ်းဖက်သတ်ဖြတ်မှုတွေ ကျူးလွန်နေတာကို ဟိုက်လိုက်လုပ်ပြလိုက်မယ်ဆိုရင် NUG အကြမ်းဖက်အဖွဲ့ဝင်တွေ ဘုံပျောက်ရတဲ့အဖြစ်မျိုး ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်ပဲ သူတို့ရဲ့ ပြည်ဖျက်မီဒီယာတွေက ဖြစ်စဉ်ဖြစ်ရပ်အပေါ် အက်ရှင်ယူဆောင်ရွက်နေပါတယ်ဆိုတာကို ပုံဖော်ရေးသားကြတာပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ဆက်စပ်ပြီး မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ ခရစ်ယာန်ဘာသာအဖွဲ့အစည်းများကို မေတ္တာရပ်ခံချင်တာက NUG အကြမ်းဖက်အဖွဲ့ဝင်တွေကို အကာအကွယ်ပေးထားတာက ဥရောပနိုင်ငံတွေဖြစ်ပါတယ်။ ခရစ်ယာန်တိုင်းပြည်တွေ ဖြစ်ပါတယ်။ အဲဒီ NUG အကြမ်းဖက်အဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်လှုပ်ရှားမှုကို ဓာတ်ဆီလောင်းပေးနေတဲ့ နိုင်ငံတွေကလည်း ခရစ်ယာန်တွေပါပဲ။ NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ အကြမ်းဖက်သမားတွေက ငါနဲ့မတူ ငါ့ရန်သူလို သဘောထားပြီး ရန်ပြုစော်ကားလာတဲ့အခါကြတော့ ခရစ်ယာန်လူမှုအသိုင်းအဝန်းကိုလည်း ထိခိုက်မှုတွေ ရှိတယ်ဆိုတာကို မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ ဥရောပဘက်ကို အသိပေးနိုင်စွမ်း ရှိပါတယ်။ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတဲ့ NUG အကြမ်းဖက်အဖွဲ့ဝင်တွေရဲ့ သရုပ်မှန်ကို ဥရောပနိုင်ငံများ သိအောင် ပြောပေးကြဖို့ကိုတော့ အထူးမေတ္တာရပ်ခံလိုပါတယ်။ ခရစ်ယာန်ဘာသာဝင်များ အကြမ်းဖက်ဘေးအန္တရာယ် ကင်းရှင်းစေဖို့သာ ဖြစ်ပါတယ်။

ဥရောပနိုင်ငံများမှာ ခိုလှုံနေတဲ့ NUG အကြမ်းဖက်အဖွဲ့က ငွေကြေးအထောက်အပံ့ကိုတော့ OIC နိုင်ငံများထံက ရရှိတာ ဖြစ်တဲ့အတွက် မြန်မာပြည်တွင်းမှာ ရှိတဲ့ အစ္စလာမ်လူ့အဖွဲ့အစည်းကိုတော့ လုံးဝမထိရဲတာ သေချာပါတယ်။ အစ္စလာမ်ဘာသာဝင်တွေ ကို နည်းနည်းထိရင် များများပုံကြီးချဲ့ပြီး NUG အကြမ်းဖက်အဖွဲ့နဲ့ ပြည်ဖျက်မီဒီယာတွေ ပူးပေါင်းပြီး နိုင်ငံတကာတရားရုံးအထိ ရောက်အောင် လုပ်ခဲ့ကြတာလည်း အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်ရာမှာ လက်လွန်ခြေလွန်ဖြစ်ပြီး ဦးထင်ကျော်နဲ့ ဒေါ်စုပါ တရားစွဲခံရတဲ့အထဲ ပါသွားလို့ မျက်ဖြူစိုက်နေကြတာကိုလည်း တွေ့မြင်နိုင်ပါတယ်။ မြန်မာနိုင်ငံအတွင်းက အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းများအနေနဲ့ ပြန်လည်သုံးသပ်ဖို့က NUG အကြမ်းဖက်အဖွဲ့နဲ့ ပြည်ဖျက်မီဒီယာတွေကို OIC က ကူညီထောက်ပံ့ပေးထားတယ်။ အဲဒီ NUG နဲ့ ပြည်ဖျက်မီဒီယာတွေက ခင်ဗျားတို့ အစ္စလာမ်ဘာသာဝင်တွေကို ဘာတွေများ ကောင်းကျိုးပြုနိုင်သလဲ။ မဟုတ်မမှန် လူမျိုးလိမ်နာမည်တစ်လုံးကို တွင်တွင်သုံးပြီး ငွေယူသွားကြတာပဲ ရှိတယ်။ ဟုတ်ပါရဲ့လား။ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းများအနေနဲ့လည်း OIC အထိ နားပေါက်အောင် ပြောနိုင်စွမ်း ရှိတယ်လို့ ယုံကြည်ရပါတယ်။ OIC က NUG အကြမ်းဖက်အဖွဲ့နဲ့ ပြည်ဖျက်မီဒီယာတွေကို ကူညီထောက်ပံ့ပေးနေလို့ အစ္စလာမ်ဘာသာဝင်တွေအတွက် ကောင်းကျိုးဖြစ်အောင် ဆောင်ရွက်ပေးနေတယ်ဆိုရင်တော့ ခင်ဗျားတို့ ရေငုံနှုတ်ပိတ်နေကြပါ။ NUG အကြမ်းဖက်အဖွဲ့နဲ့ ပြည်ဖျက်မီဒီယာတွေ ရဲ့ လုပ်ရပ်ဟာ အစ္စလာမ်ဘာသာဝင်တွေအတွက်လည်း ကောင်းကျိုးမဖြစ်စေဘဲ ပဋိပက္ခဖြစ်ဖို့သာ ဖန်တီးနေခြင်းမျိုး ဖြစ်တဲ့အတွက်တော့ OIC က NUG နဲ့ ပြည်ဖျက်မီဒီယာတွေကို ကူညီပံ့ပိုးပေးနေတာတွေကို သတိပြုပြီး လျော့ချဖို့ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းများကို ဦးဆောင်သူများက OIC ထံ တင်ပြပေးဖို့ကို မေတ္တာရပ်ခံလိုပါတယ်။

NUG အကြမ်းဖက်အဖွဲ့ဝင်တွေနဲ့ ပြည်ဖျက်မီဒီယာတွေက ခရစ်ယာန်၊ အစ္စလာမ်အပေါ် ပစ်မှတ်ထား စော်ကားခြင်း မရှိဘူးဆိုတာကလည်း အထက်မှာ စာရေးသူ တင်ပြခဲ့သလို သူတို့ခိုလှုံတာက ခရစ်ယာန်တိုင်းပြည်များ၊ သူတို့ကို အထောက်အပံ့ပေးနေတာက အစ္စလာမ်းမစ်နိုင်ငံများ ဖြစ်နေတဲ့အတွက်ကြောင့်ပါပဲ။

အဲဒီ လူယုတ်မာတွေကို ခရစ်ယာန်တိုင်းပြည်များက ခိုလှုံခွင့်ပေးထားပြီး အစ္စလာမ်းမစ်နိုင်ငံများက ကူညီပံ့ပိုးပေးနေတဲ့အခါမှာ NUG အကြမ်းဖက်အဖွဲ့နဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ အဓိက ပစ်မှတ်ဟာ ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းဖြစ်လာပါတယ်။ သံဃာတော်၊ သီလရှင် အပါး (၁၀၀)ကျော် NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ KIA, PDF ရဲ့ လက်ချက်နဲ့ ပျံလွန်တော်မူ၊ သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။

ဒီရက်ပိုင်း အတွင်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ကွက်သစ်ရပ်ကွက်ရှိ အလှူရှင် ဦးစည်သူထွန်း နေအိမ်၌ ချက်ပြုတ်ရေးလုပ်ငန်းများ ဝိုင်းဝန်းလုပ်ဆောင်နေသူများအား ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအား အားပေးထောက်ခံခြင်းမရှိကြောင်း အကြောင်း ပြကာ PDF အမည်ခံအကြမ်းဖက်အဖွဲ့များက လက်နက်ငယ်ကိုယ်စီကိုင်ဆောင်၍ ဆိုင်ကယ် ၅ စီးဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် မောင်ဖိုးခွား အသက် ၁၄ နှစ်မှာ  သေဆုံးခဲ့ပြီး မောင်ကျော်မိုး အသက် ၆ နှစ်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် ဒေသခံ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပါတယ်။

PDF အကြမ်းဖက်အဖွဲ့က ဗုဒ္ဓဘာသာအလှူတော်မင်္ဂလာအခမ်းအနားကို တိုက်ခိုက်လို့ NUG နဲ့ ပြည်ဖျက်မီဒီယာတွေက တောင်းပန်တာမျိုး မရှိခဲ့ပါဘူး။

ထပ်မံပြီး ဖေဖော်ဝါရီလ ၁၉ ရက်နေ့က PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ရှင်ပြုအလှူတော်မင်္ဂလာ ကျင်းပနေချိန်၌ ကျေးရွာ၏ အရှေ့မြောက်ဘက်မှ Drone ယာဉ် ၂ စီးဖြင့် Drop Bomb ချတိုက်ခိုက်မှုကြောင့် ကျောင်းအတွင်းရှိ ဓမ္မာရုံပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက်(၉)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး အပြစ်မဲ့ပြည်သူ ၁၄ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည်။

ဒီဖြစ်စဉ်အပေါ်မှာလည်း NUG အကြမ်းဖက်အဖွဲ့နဲ့ ပြည်ဖျက်မီဒီယာတွေက PDF အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ နှုတ်ဆိတ်နေကြဆဲပါပဲ။ ဒါကြောင့် NUG အကြမ်းဖက်အဖွဲ့နဲ့ သူ့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်အဖွဲ့များ၊ ပြည်ဖျက်မီဒီယာများဟာ ဗုဒ္ဓဘာသာလူ့အဖွဲ့အစည်းကို အဓိက ပစ်မှတ်ထားတိုက်ခိုက်နေတယ်ဆိုတာ သေချာဆုံးသော အဖြေပါပဲ။ 

အကြမ်းဖက်လှုပ်ရှားမှုတွေ ရှိနေတဲ့ ဒေသတွေမှာ အလှူတော်မင်္ဂလာများ ကျင်းပမည်ဆိုလျှင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များကို အကူအညီတောင်းပြီး လုံခြုံရေးဆောင်ရွက်ပေးနိုင်ဖို့ တောင်းဆိုကြပါ။ တစ်ကြိမ်၊ နှစ်ကြိမ်ဆို သင်ခန်းစာ က လုံလောက်ပါပြီ။ အလှူတော်မင်္ဂလာများ ကျင်းပတာကို သိရှိတဲ့အခါ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများကလည်း အလှူရှင်များကို ခေါ်ယူဆွေးနွေးပြီး လုံခြုံရေးဆောင်ရွက်ပေးရန် လိုအပ်သလား၊ မလိုအပ်ဘူးလား ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်သမားတွေရဲ့ ရက်စက်ယုတ်မာကောက်ကျစ်သော တိုက်ခိုက်မှုမျိုးတွေ မကြုံတွေ့ရအောင် အောင်ရွက်ပေးကြပါ။

အထူးအားဖြင့် မြန်မာနိုင်ငံအတွင်းရှိ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များနဲ့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များအား မေတ္တာရပ်ခံလိုတာကတော့ NUG အကြမ်းဖက်အဖွဲ့နဲ့ ပြည်ဖျက်မီဒီယာတွေကို ခိုလှုံခွင့်ပေးထားတဲ့ ခရစ်ယာန်တိုင်းပြည်များ (ဥရောပနိုင်ငံများ) ကို ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များက NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ အကြမ်းဖက်အဖွဲ့များက ခရစ်ယာန်ဘာသာဝင်တွေအပေါ်မှာလည်း ရက်စက်ယုတ်မာတယ်ဆိုတာကိုတော့ သိအောင်ပြောပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များအနေနဲ့ကလည်း အစ္စလာမ်းမစ်နိုင်ငံများ (အိုအိုင်စီအဖွဲ့ဝင်နိုင်ငံများ) က NUG အကြမ်းဖက်အဖွဲ့နဲ့ ပြည်ဖျက်မီဒီယာတွေကို ငွေကြေးကူညီပံ့ပိုးပေးထားခြင်းဟာ မြန်မာနိုင်ငံအတွင်းရှိ အစ္စလာမ်ဘာသာဝင်တွေအတွက်လည်း ကောင်းကျိုးမဖြစ်စေဘဲ ပဋိပက္ခဖြစ်ဖို့ လှုံ့ဆော်နေတဲ့ သဘောမျိုးသာ ဖြစ်စေတဲ့အကြောင်း တရားဝင် အကြောင်းကြားပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။

NUG အကြမ်းဖက်အဖွဲ့နဲ့ ပြည်ဖျက်မီဒီယာများဟာ မတူညီသော လူ့အဖွဲ့အစည်းများအကြား ခလောက်ဆန်၊ ပဋိပက္ခဖန်တီးပြီး စီးပွားရှာနေတာကို လူကြီးမင်းတို့ ဆက်စပ်အဖြေရှာကြည့်ရင် ရုပ်လုံးပေါ်ပါတယ်။ အဲဒီလို အကောက်ဉာဏ်နဲ့ ခလောက်ဆန်နေတဲ့သူတွေသာ မရှိဘူးဆိုရင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ် ဘာများ ပြဿနာတက်စရာ ရှိတော့မှာလဲ။ အလေးအနက် စဉ်းစားဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။


နောင်တော်လေး (ဘိုကလေး)

#MNP #News 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)