နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉
အကြမ်းဖက်မှုကို လိုလားသူ လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက စစ်ရေးပစ်မှတ် မဟုတ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ရှင်ပြုအလှူတော်မင်္ဂလာ ကျင်းပနေချိန်၌ ကျေးရွာ၏ အရှေ့မြောက်ဘက်မှ Drone ယာဉ် ၂ စီးဖြင့် Drop Bomb ချတိုက်ခိုက်မှုကြောင့် ကျောင်းအတွင်းရှိ ဓမ္မာရုံပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက်(၉)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး အပြစ်မဲ့ပြည်သူ ၁၄ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည်။
အထက်ပါဖြစ်စဉ်မှ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသူများအား ရွှေဘိုမြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှာက်မှုလုပ်များ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရပြီး ထိုသို့ အသက်ငယ်ရွယ်သော ကလေးသူငယ်များပါမချန် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးဒဏ်ရာရရှိအောင် လုပ်ဆောင်ခဲ့သည့် အကြမ်းဖက် သမားများ၏ ရက်စက်ယုတ်မာသောလုပ်ရပ်များအား ဒေသခံပြည်သူများအနေဖြင့် လက်မခံ နိုင်ဘဲ ကန့်ကွက်ရှုတ်ချလျှက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
#News #MNP
https://t.me/MyanmarNationalPost
No comments:
Post a Comment