အရာတော်၊ ဖေဖော်ဝါရီ ၂၅
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့တဲ့ KIA အကြမ်းဖက်အဖွဲ့ဟာ တိုက်ပွဲအတွင်းမှာ PDF အကြမ်းဖက်သမားများကို အသေခံအဖြစ် အသုံးပြုနေပြီး အရာတော်မြို့နယ်မှ PDF အကြမ်းဖက်သမား ၁၅၀ ခန့် ဗန်းမော်ကို ခေါ်သွားကြောင်း ဒေသခံတစ်ဦး က ဆက်သွယ် သတင်းပေးပို့ထားသည်။
ဒေသခံက "ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ KIA အသေများနေသည့်အတွက် အရာတော်မြို့နယ် မြောက်ပိုင်းမှ KIA ထံမှာ သင်တန်းတက်ခဲ့တဲ့ PDF အကြမ်းဖက်သမား ၁၅၀ ခန့်ကို ၂၀-၂-၂၀၂၅ ရက်နေ့က လာရောက်ခေါ်ဆောင်သွားပါတယ်။" ဟု ဆက်သွယ်ပြောဆို ပြောသည်။
အရာတော်မြို့နယ်အတွင်း PDF အကြမ်းဖက်သမားများက ဒေသခံပြည်သူများကို နည်းမျိုးစုံဖြင့် အနိုင်ကျင့် စော်ကား သတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိသော်လည်း အရာတော် PDF အကြမ်းဖက်အဖွဲ့ကို နှိမ်နင်းဆောင်ရွက်ခြင်း မရှိသောကြောင့် ဒေသခံပြည်သူများမှာ အနယ်နယ်အရပ်ရပ်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
#MNP #News
https://t.me/MyanmarNationalPost

No comments:
Post a Comment