ဇီလန်စကီး ယူကရိန်းက ထွက်ပြေးသင့်ပြီး လို့ ဆိုတဲ့သူကဆိုနေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဇီလန်စကီး ယူကရိန်းက ထွက်ပြေးသင့်ပြီး လို့ ဆိုတဲ့သူကဆိုနေ


ဖေဖော်ဝါရီ - ၂၂ ( စနေနေ့ ) 

ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ အမေရိကန်အစိုးရ ကြားမှာ အဆင်မပြေမှုတွေဖြစ်ပေါ်လာပြီးနောက်မှာတော့ လတ်တလောပြုလုပ်နေတဲ့ အမေရိကန်- ရုရှား ငြိမ်းချမ်းရေးဆွေးနွေပွဲကို အနှောင့်အယှက်မဖြစ်အောင် ဇီလန်စကီးအနေနဲ့ ယူကရိန်းကနေ ချက်ခြင်းထွက်ခွာပြီး ပြင်သစ်နိုင်ငံကိုပြောင်းနေသင့်တယ်လို့ အမေရိကန်အစိုးရ အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ သူတစ်ဦးက ဆိုလိုက်ပါတယ်။ 

ရုရှား နဲ့ သံတမန်ရေးရာ ဆက်ဆံမှုတွေကို ပြန်လုပ်နေတဲ့ အမေရိကန်သမ္မတ ထရမ့်အစိုးရရဲ့ လုပ်ဆောင်ချက်တွေ အပေါ် ဝေဖန်ခဲ့တဲ့အတွက် ဇီလန်းစကီး နဲ့ အိမ်ဖြူတော်ကြားမှာ တင်းမာမှုတွေဖြစ်လာပြီး အပြန်အလှန် စကားလုံးတွေနဲ့ တိုက်ခိုက်မှုတွေ ဖြစ်နေပါတယ်။ 

အမေရိကန်တွေက ရုရှား-ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန်နဲ့ အမေရိကန်- ရုရှား ဆက်ဆံရေး တိုးမြှင့်ရန် အတွက် ပြီးခဲ့တဲ့အင်္ဂါနေ့က စပြီး ဆော်ဒီအာရေဗီးယားမှာ ၂နိုင်ငံအဆင့်မြင့်သံတမန်များ ဆွေးနွေးပွဲတွေ စလုပ်နေပါတယ်။ အဲ့ဒိဆွေးနွေးပွဲတွေမှာ ဇီလန်စကီးအစိုးရက ထိုင်ခုံတစ်နေရာအတွက်တောင်းဆိုရာမှာ ထရမ့်က ခွင့်မပြုခဲ့ပါဘူး။ အကြောင်းက ယူကရိန်း- ရုရှား စစ်ပွဲက ၃ နှစ်ကျော်ကြာလာတဲ့အထိတိုင်အောင် ဇီလန်စကီး အနေနဲ့ ပဋိပက္ခကို ရပ်တန့်အောင် လုပ်ဖို့ပျက်ကွက်ခဲ့တာကြောင့်လို့ ဆိုပါတယ်။ 

အိမ်ဖြူတော်နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကထွက်လာတဲ့ သတင်းအရင်းအမြစ်တွေမှာ ယူကရိန်းမှာခေါင်းဆောင်ပိုင်း အပြောင်းအလဲလုပ်ရန် အချိန်တန်ပြီလို့ ပြောသံတွေကြားနေရပါတယ်။ ယူကရိန်းမှာ ရွေးကောက်ပွဲပြန်လုပ်ရန် အတွက်လည်း အတိုက်အခံတွေ တောင်းဆိုထားတာလည်း ရှိနေပါတယ်။ အနောက်အုပ်စုတွေမှာလည်း ဇီလန်စကီးကို ဆန့်ကျင်တဲ့အင်အားစုတွေ တိုးလာနေပါတယ်။ အကောင်းဆုံးအနေအထားကတော့ ဇီလန်စကီးအနေနဲ့ ပြင်သစ်နိုင်ငံကို ချက်ခြင်းပြောင်းရွှေ့နေသင့်တယ်လို့ အိမ်ဖြူတော်က အမည်မဖော်လိုတဲ့ အရာရှိကြီးတစ်ဦးက ဆိုထားပါတယ်။ 

၂၀၂၄ ခုနှစ် မေလတွင် သမ္မတသက်တမ်းကုန်ဆုံးခဲ့သော ဇီလန်စကီး က လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများ ကြောင့် စစ်အုပ်ချုပ်ရေးဥပဒေကို ကိုးကားပြီး ရွေးကောက်ပွဲအသစ်ကျင်းပရန် ငြင်းဆိုထားပါတယ်။ အင်္ဂါနေ့က ထရမ့်ရဲ့ Truth ဆိုရှယ်မီဒီယာမှာ “ဇီလန်စကီးက ရွေးကောက်ပွဲလုပ်ဖို့ ဘာကြောင့်ပျက်ကွက်တာလဲဆိုတော့ သူ့ကိုထောက်ခံသူ နည်းလာလို့ပါပဲ။ သူ့ရဲ့လက်ရှိအနေအထားက တရားဝင်ဖို့အတည်ပြု သက်မှတ်ချက်အောက် ကို ၄ % လောက်ကျဆင်းနေပါတယ်။ ဒီအတိုင်းသာဆက်သွားနေရင် သူ့ကိုထောက်ခံတဲ့သူ တစ်ယောက်မှတောင် ကျန်မှာမဟုတ်ဘူး” လို့ ရေးတင်ထားပါတယ်။ 

ဇီလန်စကီးကတော့ ထရမ့်ရဲ့ပိုစ့်နဲ့ပတ်သက်ပြီး “ကျနော့်ကို ပြည်သူ ၅၇% ကျော် ထောက်ခံခဲ့တာပါ။ ထရမ့်က ရုရှားတွေပေးတဲ့ မမှန်သတင်းတွေကိုဖတ်ပြီးပြောနေတာပါ။ ကျနော့်နေရာကို တစ်ယောက်ယောက်က အစားထိုးချင်တယ်ဆိုရင်တော့ ဖြစ်လာမှာမဟုတ်ပါဘူး” လို့ ရုပ်သံကနေ ပြန်လည်ချေပသွားပါတယ်။

 

Ref - RT

#MNP #News 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)