မန္တလေး၊ ဖေဖော်ဝါရီ ၃
လုံခြုံရေးတာ ဝန်ရှိသူများသည် သက်သေများနှင့်အတူ အကြမ်းဖက် PDF သတင်းအရ ၂-၂-၂၀၂၅ ရက်နေ့ ၂၀:၃၀ အချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊၁၁၃ လမ်း၊ ၄၈×၄၉ လမ်းကြားရှိ နန်းဝင်းစိုး၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နန်းဝင်းစိုး၊ ၃၈နှစ်၊(ဘ)ဦးစိုး၊ ကြေးသွန်းလုပ်ငန်းလုပ်ကိုင်သူနှင့် မင်းခန့် (ခ)ဂူးဂူး၊၂၀နှစ်၊(ဘ) ဦးဝေညွန့်၊ ဆေးသုတ်လုပ်ကိုင်သူတို့ ၂ဦးအား တွေ့ရှိ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ နေထိုင်သော နေအိမ်အတွင်းမှ ၉မမကျည် ၁တောင့် အား ရှာဖွေတွေ့ရှိခဲ့သည်။
အဆိုပါကျည်နှင့်ပတ်သက်၍ နန်းဝင်းစိုးအား စစ်ဆေးခဲ့ရာ လက်ပစ်ဗုံးနှင့် ပစ္စတိုသေနတ်များအား တစ်ရပ်ကွက်တည်းနေထိုင်သူ အောင်အောင်(ခ) အောင်လေး၏ နေအိမ်တွင် သိမ်းဆည်းထားရှိကြောင်း စစ်ဆေးသိရှိရသဖြင့် ၂၀:၄၅ အချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၁၁၃လမ်း၊ ၄၇×၄၈ လမ်းကြားရှိ အောင်အောင်(ခ)အောင်လေး၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ အောင်အောင်(ခ) အောင်လေး၊ ၃၆နှစ်၊(ဘ)ဦးတင်မောင်မြင့်ထွန်း၊ ဆင်းတုတော်လုပ်ငန်းလုပ်ကိုင်သူအား ဖမ်းဆီးရမိခဲ့ပြီး အဆိုပါနေ အိမ်အတွင်းမှ MG-1 ပလပ်စတစ် လက်ပစ်ဗုံး ၁၁လုံး၊ 91 လက်ပစ်ဗုံး ၁လုံး၊ တရုတ်လက်ပစ်ဗုံး ၁လုံး၊ လက်လုပ်ပစ္စတို ၄လက်၊ LUGER ကျည် ၁၇တောင့်တို့အား ရှာဖွေသိမ်းဆည်းရမိခဲ့သည်။
နန်းဝင်းစိုးအား ဆက်လက်စစ်ဆေးခဲ့ရာ မြိုင်မြို့နယ်နေထိုင်သူ အောင်ခန့်(စိစစ်ဆဲ)နှင့်အတူ သေဆုံးသူ ရာအိမ်မှူး ဦးဝင်းဦးနှင့် ဒဏ်ရာရရှိသူ သူရိန်ဝင်း(ခ)ပြည်ကြီးတို့ (၂)ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း စစ်ဆေးသိရှိရကြောင်းနှင့် ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
#News #MNP
Join - https://t.me/MyanmarNationalPost


No comments:
Post a Comment