Polytechnic တက္ကသိုလ်(ပင်လုံ)တွင် (၁၇)ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်းသဘင်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

Polytechnic တက္ကသိုလ်(ပင်လုံ)တွင် (၁၇)ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်းသဘင်ကျင်းပ


လွိုင်လင်၊ ဖေဖော်ဝါရီ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ Polytechnic တက္ကသ်ုလ်(ပင်လုံ)တွင် (၁၇)ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကို အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာဘွဲ့အပ်နှင်းရန် စီမံခန့်ခွဲရေးအဖွဲ့နှင့်ပညာရေးအဖွဲ့တို့က အစည်းခန်မတွင် အမေးအဖြေပြုလုပ်ပြီးနောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပရန် ဒုတိယပါမောက္ခချုပ် အမှူးပြုသော  စီမံခန့်ခွဲရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမအတွင်း ဝင်ရောက်နေရာယူကြ ပြီးနောက် နိုင်ငံတော်အလံအား အလေးပြုကြသည်။ ထို့နောက်ဘွဲ့ယူမောင်မယ်များအား ဒုတိယ ပါမောက္ခချုပ် ဒေါက်တာထွန်းမြင့်က အင်ဂျင်နီယာဘွဲ့( မြို့ပြအင်ဂျင်နီယာ )၊ အင်ဂျင်နီယာဘွဲ့ ( အီလက်ထရောနစ်အင်ဂျင်နီယာ)၊ အင်ဂျင်နီယာဘွဲ့(လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ)နှင့် အင်ဂျင်နီယာဘွဲ့ (စက်မှုအင်ဂျင်နီယာ)စသည့် ဘွဲ့အသီးသီးကို အပ်နှင်းလိုက်သည်။ ဆက်လက်၍ ဒုတိယပါမောက္ခချုပ်က ဘွဲ့ယူမောင်မယ်များ၏ သက်ဆိုင်ရာ ဘွဲ့အသီးသီးအတွက် ဝတ်ရုံများကို ဝတ်ဆင်ခွင့်ပြုပေးပြီးနောက် အဝေးရောက်ဘွဲ့ယူသူများ၏ လက်မှတ်ရေးထိုးပြီး ဘွဲ့နှင်းသဘင်မိန့်ခွန်းမြွက်ကြားပြီးနောက် (၁၇)ကြိမ်မြောက် ဘွဲ့နှင်းအခမ်းအနားကို ရုတ်သိမ်း ခဲ့သည်။

ယနေ့ကျင်းပပြုလုပ်သည့် ဘွဲ့နှင်းသဘင်တွင် မြို့ပြအင်ဂျင်နိယာဘွဲ့၊ အီလက်ထရောနစ် အင်ဂျင်နီယယဘွဲ့၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဘွဲ့နှင့် စက်မှုအင်ဂျင်နီယာဘွဲ့ တက်ရောက် ယူသူ စုစုပေါင်း(၈၂)ဦး‌နှင့် အဝေးရောက်ဘွဲ့ယူသူ (၁၃)) ဦးတို့ဖြစ်ကြောင်း သိရသည်။


လွိုင်လင်မိုး

#News #MNP 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)