မြန်မာ့သနပ်ခါးကို UNESCO ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်သို့ အမည်စာရင်း တင်သွင်းနိုင်ရေးအတွက် “မြန်မာ့သနပ်ခါးနေ့” အထိမ်းအမှတ် လှုပ်ရှားမှုအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ့သနပ်ခါးကို UNESCO ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်သို့ အမည်စာရင်း တင်သွင်းနိုင်ရေးအတွက် “မြန်မာ့သနပ်ခါးနေ့” အထိမ်းအမှတ် လှုပ်ရှားမှုအခမ်းအနားကျင်းပ


နေပြည်တော် ဖေဖော်ဝါရီ ၁၂

မြန်မာ့သနပ်ခါးကို UNESCO ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (Representative List of The Intangible Cultural Heritage of Humanity)သို့ အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် အကြိုလှုပ်ရှားမှုနှင့် တပို့တွဲလပြည့်နေ့တွင် သတ်မှတ်ထားသည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့တွင် ကျရောက်သည့် “မြန်မာ့သနပ်ခါးနေ့” အထိမ်းအမှတ် အကြိုလှုပ်ရှားမှုတို့ကို ယမန်နေ့က အမျိုးသားစာကြည့်တိုက် (နေပြည်တော်)၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်နုမြဇံ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မူလတန်းလွန်ကျောင်း (ညောင်ပင်ကြီးစု)မှ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ Honey Tree ကိုယ်ပိုင်မူလတန်းကျောင်းမှ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ဆင်နွှဲကြသည်။

အခမ်းအနားတွင် အမျိုးသားစာကြည့်တိုက် (နေပြည်တော်) စာကြည့်တိုက်မှူးများက မြန်မာ့သနပ်ခါး၏ သမိုင်းကြောင်းနှင့် အစဉ်အလာ ယဉ်ကျေးမှုများ၊ မြန်မာ့သနပ်ခါး၏ အကျိုးကျေးဇူးများကို ရှင်းလင်းဟောပြောခြင်း၊ မြန်မာ့သနပ်ခါးနှင့်သက်ဆိုင်သည့် စာအုပ်စာတမ်းများ ခင်းကျင်းပြသခြင်း၊ မြန်မာ့သနပ်ခါးနှင့် သက်ဆိုင်သည့် ဗီဒီယိုမှတ်တမ်းပြသခြင်း၊ မြန်မာ့သနပ်ခါးနှင့် ဆက်စပ်သည့် အကြောင်းအရာများ ရှာဖွေနိုင်သည့် Website Link များ စီစဉ်ထားရှိခြင်း၊ မြန်မာ့သနပ်ခါးအကြောင်း ပုံဖော်ရေးသားထားသည့် ကဗျာများရွတ်ဆိုခြင်း၊ ကျောင်းသား ကျောင်းသူများက သနပ်ခါးကဗျာ ရွတ်ဆိုသရုပ်ပြခြင်း၊ ကျောင်းသား ကျောင်းသူများအား မြန်မာ့သနပ်ခါးများ လိမ်းခြယ်ပေးခြင်းနှင့် ကိုယ်တိုင်လိမ်းခြယ်စေခြင်းစသည်တို့ကို ဆောင်ရွက်ကြသည်။

ထို့အတူ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနအောက်ရှိ အမျိုးသားပြတိုက်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်များတွင် မြန်မာ့သနပ်ခါးနေ့အထိမ်းအမှတ် လှုပ်ရှားမှုများကို သနပ်ခါးရက်သတ္တပတ် (Thanakha Week) သို့မဟုတ် သနပ်ခါးလ (Thanakha Month) အနေဖြင့် ဖေဖော်ဝါရီလတစ်လလုံး ဆောင်ရွက်လှုပ်ရှားကြရန် နှိုးဆော်တိုက်တွန်းထားကြောင်း သတင်းရရှိသည်။


#News #MNP 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)