တရုတ်နိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ သံအမတ်ကြီးမှ ပေကျင်းမြို့အာဆီယံကော်မတီအစည်းအဝေး (ACB) နှင့် အလုပ်သဘောညစာစားပွဲ အခမ်းအနားသို့ ပါဝင်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်နိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ သံအမတ်ကြီးမှ ပေကျင်းမြို့အာဆီယံကော်မတီအစည်းအဝေး (ACB) နှင့် အလုပ်သဘောညစာစားပွဲ အခမ်းအနားသို့ ပါဝင်တက်ရောက်





ပေကျင်း၊ မတ် ၁၆

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၄ ရက်တွင် စင်ကာပူနိုင်ငံသံရုံးမှကြီးမှူး၍ ပေကျင်းမြို့၊ Kerry Hotel တတိယထပ်၊ ဝူဟန်ခန်းမ၌ ကျင်းပသည့် ပေကျင်းမြို့ အာဆီယံကော်မတီ (ASEAN Committee in Beijing – ACB) သံရုံး အကြီးအကဲများအစည်းအဝေးသို့ အခြားအာဆီယံသံအမတ်ကြီးများနှင့်အတူ ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် တက်ရောက်လာသော အာဆီယံသံအမတ်ကြီးများနှင့် ကိုယ်စားလှယ် များက  ဖိလစ်ပိုင်သံရုံးမှ ကြီးမှူး၍ ၂၀-၁၁-၂၀၂၄ ရက်တွင် ကျင်းပခဲ့သော ပေကျင်းမြို့၊ အာဆီယံ ကော်မတီ (ACB) ၏ အစည်းအဝေးမှတ်တမ်း (Summary Record) အား အတည်ပြုခဲ့ပြီး အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ သက်ဆိုင်ရာ အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်နေမှု အခြေအနေ များနှင့် ဒေသတွင်းဖြစ်ပေါ်တိုးတက်မှု အခြေအနေများအားဆွေးနွေး၍ အမြင်ချင်းဖလှယ်ခဲ့ကြ ပါသည်။ မြန်မာသံအမတ်ကြီးမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစ၍ ၄ လတာအတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးပြောကြား ခဲ့ပြီးနောက် အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံတို့သည် ကုန်သွယ်မှုနယ်ပယ်၌ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံများအကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ချစ်ကြည်ရင်းနှီး မှုကို မြှင့်တင်နိုင်ရေးကြိုးပမ်းမှုမှတစ်ဆင့် တည်ငြိမ်အေးချမ်းပြီး သာယာဝပြောသောဒေသကို ဖန်တီးနိုင်ရန်မျှော်လင့်ပါကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် သံအမတ်ကြီးသည် စင်ကာပူနိုင်ငံ သံအမတ်ကြီး H.E. Peter Tan မှ Kerry Hotel တတိယထပ်၊ ရှန်ကျန်းခန်းမ၌ ဧည့်ခံကျွေးမွေးသည့် အလုပ်သဘော ညစာစားပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာနဝန်ကြီး Mr. Liu Jianchao နှင့် ဒုတိယဝန်ကြီး Ms. Sun Haiyan တို့လည်း တက်ရောက်၍ အာဆီယံသံအမတ်ကြီးများနှင့် နှစ်နိုင်ငံအကြား ရှိရင်းစွဲပူးပေါင်းဆောင်ရွက်မှုများ နှင့်စပ်လျဉ်း၍ နှီးစွာပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)