ပန်းတောင်းမြို့နယ်၊ ဘူးဘက်ကျေးရွာစစ်ဆေးရေးဂိတ်၌ ရခိုင်ပြည်နယ်သို့ပို့ဆောင်မည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ်၊ ဘူးဘက်ကျေးရွာစစ်ဆေးရေးဂိတ်၌ ရခိုင်ပြည်နယ်သို့ပို့ဆောင်မည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 





နေပြည်တော်၊ မတ် ၃ 

နိုင်ငံတော်အစိုးရအနေဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ်များအပါအဝင် လူသားမျိုးနွယ်စု တစ်ခုလုံးအား အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်မှုများအား ထိရောက်စွာ တားဆီးကာကွယ်တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် မူးယစ်ဆေးဝါးသယ်ဆောင်လေ့ရှိသည့် လမ်းကြောင်းများ၌ စစ်ဆေး ရှာဖွေဖော်ထုတ်ဖမ်းဆီးမှုများ တိုးမြှင့်လုပ်ဆောင်နေခြင်းကြောင့် မူးယစ်ဂိုဏ်များအနေဖြင့် မူးယစ် ဆေးဝါးများသယ်ဆောင်ရာတွင် ကုန်းလမ်းကြောင်း၊ ရေလမ်းကြောင်းများကိုအသုံးပြု၍ နည်းလမ်း မျိုးစုံဖြင့် သိုဝှက်သယ်ဆောင်လျက်ရှိကြောင်း တွေ့ရှိရသည်။

၂၀၂၅ ခုနှစ်၊ ဖေလ ၂၈ ရက်တွင် တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ ရန်ကုန်မြို့မှ ရခိုင်ပြည်နယ်သို့ မူးယစ်ဆေးဝါးများ သယ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပန်းတောင်းမြို့ နယ်၊ ဘူးဘက်ကျေးရွာစစ်ဆေးရေးဂိတ်၌ ပိတ်ဆို့စစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ရာ သန်းအောင်ဆွေ၊ ကျော်ဝင်းထွန်း နှင့် ကျော်ဆန်းမင်း တို့နှင့်အတူ ယာဉ်အမှတ်၊ BGO-11/2R-2073 SOJEN အဖြူရောင်ယာဉ်ပေါ်မှ စက္ကူပုံး ၆ ပုံးအတွင်း သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀.၂ သိန်းပြား၊ ကာလတန်ဖိုးငွေကျပ် ၁.၅၃ ဘီလီယံခန့်အား လည်းကောင်း၊ ကျော်ဇင်လတ်၊ ခင်မောင်မြင့်ရွှေ၊ ကြည်ကြည်ခိုင် တို့နှင့်အတူ ယာဉ်အမှတ်၊ YGN-41/HH-2534 Probox အဖြူရောင်ယာဉ်အားလည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိတရားခံများ ၏ထွက်ဆိုချက် အရ ပြည်မြို့ရှိ ကုန်းမြင့်သာတည်းခိုခန်း၌ ကျော်ဝင်း နှင့် သောင်းထွန်း တို့အား ယာဉ်အမှတ်၊ BGO-11/2P-6694 Daihatsu Hijet အစိမ်းရောင်ယာဉ်နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ ကျော်ဝင်း ၏ထွက်ဆိုချက်အရ ကျော်လင်း(ဖမ်းဆီးရန်ကျန်) နှင့် စိုင်းကျော်လှ(ဖမ်းဆီးရန်ကျန်) တို့မှ ရန်ကုန်မြို့သို့ ပို့ဆောင်ပေးသော မူးယစ်ဆေးဝါးများအား ရခိုင်ပြည်နယ်သို့ ပို့ဆောင်ပေးရန် ငွေကျပ်သိန်း ၈၅၀ ဖြင့် ညှိနှိုင်းသဖြင့် သဘောတူခဲ့ကြောင်း၊ ၎င်းနောက် ရန်ကုန်မြို့ သို့ ရောက်ရှိလာသော မူးယစ်ဆေးဝါးများအား မအီမြို့ နယ်၊ တလိုင်းတောင် ကျေးရွာသို့ ဆက်လက်ပို့ဆောင်ရန် ခင်မောင်မြင့်ရွှေ အား ငွေကျပ်သိန်း ၃၅၀ ဖြင့် ညှိနှိုင်းခဲ့ရာ သဘောတူခဲ့ကြောင်း သိရှိရသည်။ ဖမ်းဆီးရမိတရားခံ ခင်မောင်မြင့်ရွှေ ၏ထွက်ဆိုချက်အရ ကျော်ဝင်း ၏စေခိုင်းချက်ဖြင့် မူးယစ်ဆေးဝါးများ ပို့ဆောင်ရာတွင် ဇနီးဖြစ်သူ ကြည်ကြည်ခိုင် နှင့်အတူ စီးနင်းရန် ကျော်ဇင်လတ် ၏ Probox အဖြူရောင်ယာဉ်အား ငှားရမ်းခဲ့ကြောင်း၊ ၎င်းနောက် မူးယစ် ဆေးဝါးများသယ်ဆောင်ရန် ကျော်ဆန်းမင်း ပိုင်ဆိုင်သည့် SOJEN ယာဉ်အားငှားရမ်း၍ အဆိုပါ ယာဉ်ဖြင့် ကျော်ဆန်းမင်း၊ ယာဉ်မောင်း သန်းအောင်ဆွေ နှင့် ယာဉ်နောက်လိုက် ကျော်ဝင်းထွန်း တို့အား လိုက်ပါရန် ချိတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

သို့ဖြစ်၍ တရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တရားခံပြေး ကျော်လင်း နှင့် စိုင်းကျော်လှ တို့အပါအဝင် ဆက်စပ်တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မူးယစ် ဆေးဝါးသယ်ဆောင်သည့် သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြား နိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ပူးပေါင်းပါဝင်ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးမည်ဖြစ်ကြောင်း အသိပေးသတင်းထုတ်ပြန်အပ်သည်။


#News #MNP

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)