မြန်မာနိုင်ငံကို လာရောက်လည်ပတ်ရန် ဖိတ်ကြားသည့်အတွက် ကျေးဇူးတင်ကြောင်း ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံကို လာရောက်လည်ပတ်ရန် ဖိတ်ကြားသည့်အတွက် ကျေးဇူးတင်ကြောင်း ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ ပြောကြား


မင့်ခ်၊ မတ် ၈

ဘယ်လာရုစ်နိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr.Alexander Gregoryevich Lukashenko အား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားသည့်အတွက် ကျေးဇူးတင်ကြောင်း ဘယ်လာရုစ်သမ္မတ က ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က "အဆွေတော်ရဲ့ဦးဆောင်မှုနဲ့ ဘယ်လာရုစ်နိုင်ငံဟာ ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်ခုဖြစ်မယ်လို့လည်း ကျွန်တော်ယုံကြည်ထားပါတယ်။ အဆွေတော်သမ္မတကြီးကို မြန်မာနိုင်ငံမှာလည်း ထပ်မံတွေ့ဆုံဖို့လည်း ကျွန်တော်အပြည့်အဝ မျှော်လင့်ထားပါတယ်။" ဟု ပြောသည်။

ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr.Alexander Gregoryevich Lukashenko က "ကျွန်တော့်အနေနဲ့ ကျွန်တော့်ရဲ့မိတ်ဆွေ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယခုခရီးစဉ်မှာ ပွင့်ပွင့်လင်းလင်းနဲ့ ဆွေးနွေးသွားတဲ့အတွက်ရော စိတ်ဆန္ဒရှိတဲ့အတိုင်းအားလုံးကို ပွင့်ပွင့်လင်းလင်းပြောသွားတဲ့အတွက်လည်း ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော့်အနေနဲ့ အဆွေတော်ကို ထပ်လောင်းကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ အဲဒါကတော့ ကျွန်တော့်ကို မြန်မာနိုင်ငံကို ဖိတ်ခေါ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ မကြာမီအချိန်အတွင်းမှာ အဆွေတော်နဲ့ကျွန်တော် အဆွေတော်ရဲ့နိုင်ငံမှာ တွေ့ဆုံနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နှစ်ဦးနှစ်ဖက်က ဒီလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အကောင်းဆုံးနဲ့ ပံ့ပိုးမယ်ဆိုလို့ရှိရင် နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အခုလိုမျိုးဒီနေ့တွေ့ဆုံပွဲမှာ အချိန်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း အမြဲတမ်းအဆွေတော်ကို ဝမ်းပန်းတသာကြိုဆိုနေကြောင်းလည်း ပြောကြားလိုပါတယ်။" ဟု တုန့်ပြန်ပြောဆိုသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)