ကမ္ဘောဒီးယားနိုင်ငံမှ မဟာသံဃာ့ရာဇာနှင့် သာသနာပိုင်ဆရာတော်ကြီး ဆမ်ဒက် ပရယ် မဟာ သုမေဓာဓိပတိ ကိတ္တိ ဥဒ္ဒေသ ပဏ္ဍိတ နွန်ငိတ်အား ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးဦးကျော်စိုးမင်းက သာသနာတော်ဆိုင်ရာ ဘွဲတံဆိပ်နှင့် အဆောင်အယောင်များဆက်ကပ်ပူဇော် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကမ္ဘောဒီးယားနိုင်ငံမှ မဟာသံဃာ့ရာဇာနှင့် သာသနာပိုင်ဆရာတော်ကြီး ဆမ်ဒက် ပရယ် မဟာ သုမေဓာဓိပတိ ကိတ္တိ ဥဒ္ဒေသ ပဏ္ဍိတ နွန်ငိတ်အား ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးဦးကျော်စိုးမင်းက သာသနာတော်ဆိုင်ရာ ဘွဲတံဆိပ်နှင့် အဆောင်အယောင်များဆက်ကပ်ပူဇော်




ဖနောင်ပင်၊ မတ် ၁၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကမ္ဘောဒီးယားနိုင်ငံမှ မဟာသံဃာ့ရာဇာနှင့် သာသနာပိုင်ဆရာတော်ကြီး ဆမ်ဒက် ပရယ် မဟာ သုမေဓာဓိပတိ ကိတ္တိ ဥဒ္ဒေသ ပဏ္ဍိတ နွန်ငိတ်အား လှူဒါန်းပူဇော်သည့် ၂၀၂၅ ခုနှစ်အတွက် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ် ဆက်ကပ်ပူဇော်ပွဲ အခမ်း အနားကို ၁၄-၃-၂၀၂၅ ရက်တွင် ဖနောင်ပင်မြို့ရှိ Bomonvata Rajavaram Pagoda ၌ ကျင်းပ ပြုလုပ်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်မာနိုက်က ဆရာတော်ကြီးအပါအဝင် သံဃာတော်များအား ခမာရိုးရာ အမွှေးနံ့သာရေရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားနှင့် ဆက်စပ်ကျင်းပခဲ့ကြောင်း သိရသည်။ 

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်းက မိန့်ခွန်းပြောကြားရာ တွင် မဟာသံဃာ့ရာဇာနှင့် သာသနာပိုင်ဆရာတော်ကြီး နွန်ငိတ်သည် ကမ္ဘောဒီးယားနိုင်ငံ၌ ဗုဒ္ဓ မြတ်စွာဘုရား၏ ပရိယတ္တိ သာသနာ၊ ပဋိပတ္တိ သာသနာ၊ ပဋိဝေဓ သာသနာတော် (၃)ရပ်ကို သန့်ရှင်းတည်တံ့တိုးတက် ပြန့်ပွားရေးအတွက် မနားမနေ ကြိုးပမ်းအားထုတ်ခဲ့ပြီး စွမ်းစွမ်းတမံ ဆောင်ရွက်မှုများကြောင့် ဘွဲတံဆိပ်တော် ဆက်ကပ်ပူဇော်ခံရခြင်းဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်တွင် ကျရောက်သည့်  မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနှစ် (၇၀) ပြည့်မြောက်သည့် အခါသမယနှင့် တိုက်ဆိုင်လျက်ရှိကြောင်းကို အလေးထားလျှောက်ထားခဲ့ပြီး အခမ်းအနားအစီ အစဉ်အရ မြန်မာအစိုးရကိုယ်စား ဆရာတော်ကြီးနွန်ငိတ်အား အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက သာသနာတော်ဆိုင်ရာ ဘွဲတံဆိပ်နှင့် အဆောင်အယောင်များကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ကမ္ဘောဒီးယားနိုင်ငံ၊ သာသနာရေးဝန်ကြီးဌာနဝန်ကြီး Chay Borin တက်ရောက်ခဲ့ပြီး သံအမတ်ကြီး ဦးကျော်စိုးမင်းနှင့်ဇနီး၊ မြန်မာစစ်သံမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်တင်အောင်ဆွေနှင့်ဇနီး အပါအဝင် ဂုဏ်သရေရှိပုဂ္ဂိုလ်များ၊ သံရုံးဝန်ထမ်းများ၊ ရဟန်းသံဃာတော်များနှင့် ကမ္ဘောဒီးယားနိုင်ငံမှ ဗုဒ္ဓဘာသာဝင်ဒါယိကာ၊ ဒါယိကာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)