မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေးအမှတ်စဉ်(၃/၂၀၂၅)သို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေးအမှတ်စဉ်(၃/၂၀၂၅)သို့ တက်ရောက်



ချမ်းအေးသာစံ၊ မတ် ၂၇

မန္တလေးတိုင်းဒေသကြီး၊ လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၅)ကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းကကျင်းပရာ တိုင်းဒေသကြီးလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြား ရာတွင်တိုင်းဒေသကြီးအတွင်း ရေမြေကောင်းမွန်သည့် စိုက်ပျိုးနိုင်သောလယ်ယာ မြေများထိခိုက်လျော့နည်းမှုများမရှိစေရေး၊ လယ်ယာမြေများပေါ်တွင် ခွင့်ပြုချက်မရှိဘဲအခြားနည်းဖြင့် ကျူးလွန်အသုံးပြုခြင်းများ မဖြစ်ပေါ်စေရေးတို့အတွက် လယ်ယာမြေဥပဒေ၊ နည်းဥပဒေပါပြဋ္ဌာန်းချက်များ၊ စံပြုလုပ်ထုံး လုပ်နည်းများနှင့်အညီ၊ စစ်ဆေးကြပ်မတ်ကာ ထိရောက်စွာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းနှင့် ခွင့်ပြုထားသည့် လုပ်ငန်းများကိုလည်း သတ်မှတ်ခွင့်ပြုထားသည့် နည်းလမ်းများအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

၎င်းနောက် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးသိန်းဝင်းက လယ်ယာမြေ ဥပဒေပုဒ်မ-၃၀(က)(ခ)အရ အခြားနည်း အသုံးပြုခွင့် လျှောက်ထားလာမှုနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စိစစ်တင်ပြရန်လွှဲပြောင်းပေးပို့လာသည့်  စိစစ်ရန်ကိစ္စရပ်များအပေါ် ဆွေးနွေးတင်ပြပြီး တက်ရောက်လာကြသူများက လယ်ယာမြေစီမံခန့်ခွဲမှု လုပ်ငန်းဆိုင်ရာများနှင့်စပ်လျဉ်း၍ အထွေထွေကိစ္စရပ်များ ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။


ထွန်းထွန်းနိုင်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)