ဘင်္ဂလားဒေ့ရှ်ကို ကောလဟာလတွေနဲ့ တိုက်ခိုက်နေတယ်လို့ ကြားဖြတ်အစိုးရ အကြီးအကဲဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘင်္ဂလားဒေ့ရှ်ကို ကောလဟာလတွေနဲ့ တိုက်ခိုက်နေတယ်လို့ ကြားဖြတ်အစိုးရ အကြီးအကဲဆို


မတ် -  ၂၈ (သောကြာနေ့)

ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မိန့်ခွန်းအဖြစ်နဲ့ မတ်လ ၂၆ ရက်နေ့ က လက်ရှိကြားဖြတ် အစိုးရအဖွဲ့ ရဲ့ အကြီးအကဲဖြစ်သူ နိုဘယ်ဆုရ စီးပွားရေးပညာရှင် မူဟမ်မက် ယူနွတ်စ်က “ဘင်္ဂလားဒေ့ရှ်က အရင်အစိုးရဟောင်းနောက်လိုက်တွေရဲ့ ကောလဟာလ တိုက်ခိုက်မှုတွေကို ခံနေရပါတယ်။ အသိတရားရှိရှိနဲ့ ခုခံကြပါ။ ကောလဟာလ ထုတ်လွှင့်တဲ့ သူတွေကိုလည်း ရှာဖွေပေးကြပါ” လို့ ရုပ်မြင်သံကြားကနေ ပြောကြားသွားပါတယ်။ 

“ကောလဟာလတွေဟာ ၂၀၂၄ ခုနှစ် ဇူလိုင်-သြဂုတ်လ အရေးတော်ပုံမှာ ရှုံးနိမ့်ခဲ့တဲ့ အင်အားစုတွေရဲ့ ကြီးမားတဲ့ လက်နက်တွေပါပဲ” လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံလုံးဆိုင်ရာ ရုပ်မြင်သံကြားမိန့်ခွန်းတွင် ၎င်းက ပြောကြားခဲ့ပါတယ်။ 

ပြီးခဲ့သောနှစ်များနှင့်မတူဘဲ မြို့တော်တွင် လွတ်လပ်ရေးနေ့ စစ်ရေးပြ ချီတက်ပွဲ မလုပ်ခဲ့ပါဘူး။ ခရိုင်အဆင့် ချီတက်ပွဲများကို ပုံမှန်အတိုင်း ကျင်းပခဲ့ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန အကြီးတန်း အတွင်းဝန် နာဆီမား က တိုင်းပြည်က စစ်အတွင်း အခြေအနေမှာပဲ ရှိနေပါသေးတယ် လို့ ပြောခဲ့ပါတယ်။ 

ယူနွတ်စ်က ကောလာဟလကို အသိတရားနှင့် ပိုမိုစည်းလုံးညီညွတ်မှုဖြင့် တွန်းလှန်ရန် တိုင်းသူပြည်သားများ အား တောင်းဆိုခဲ့ပါတယ်။  မဆုံးဖြတ်ရသေးတဲ့ လာမည့်ရွေးကောက်ပွဲ နေ့ရက် နီးကပ်လာသည်နှင့်အမျှ ကောလာဟလများသည် ပိုမိုအန္တရာယ်များသည့် ပုံသဏ္ဍာန်ဖြစ်လာ မယ်လို့ ၎င်းကဆိုပါတယ်။ “ဖြစ်စဉ်ရဲ့ နောက်ကွယ်မှာ ဘယ်သူတွေရှိသလဲ၊ ဘာကြောင့် ဒါတွေကို ဦးဆောင်နေတယ်ဆိုတာ အားလုံးသိပါတယ်။ ကျနော်တို့ရဲ့ ဇူလိုင်လ အရေးတော်ပုံကြီး ကို ဟန့်တားမဲ့သူတွေရှိနေပါတယ်။ အရင်းအမြစ်တွေကို လစ်လျူ ရှုမနေဘဲ ရှာဖွေဖော်ထုတ်ပေးကြပါ” လို့ ၎င်းက ပြည်သူတွေကို တောင်းဆိုခဲ့ပါတယ်။ 


REF: NDTV

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)