နေပြည်တော်၊ မတ် ၃၀
မြန်မာနိုင်ငံတွင် အလွန်အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ငလျင် ဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ် ငန်းများဆောင်ရွက်ရာတွင် ပါဝင်ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တရုတ်နိုင်ငံ ယူနန် ပြည်နယ်ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့မှ အဖွဲ့ဝင် ၃၇ ဦးပါအဖွဲ့သည် မတ် ၂၉ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ကူမင်း Changshui အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အသက်ကယ် ကိရိယာLife detectorများ၊ ငလျင်ကြိုတင်သတိပေးစနစ်Earthquake early warning system များ၊ ခရီးဆောင်ဂြိုလ်တုportable satelliteများနှင့် ဒရုန်းများ အပါအဝင် အရေး ပေါ်ကယ်ဆယ်ရေးပစ္စည်းများ စုစုပေါင်း ၁၁၂ စုံသယ်ဆောင်ပြီး မြန်မာနိုင်ငံသို့ ထွက်ခွာ လာခဲ့သည်။
အဆိုပါ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့သည် နေပြည် တော်တွင် မြန်မာနိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ နှင့်ပူးပေါင်း၍ ကူညီကယ်ဆယ် ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ဥတ္တရသီရိ အထွေထွေရောဂါကု ဆေးရုံ ကြီးအတွင်း ပိတ်မိနေသူသက်ကြီးအမျိုးသမီးတစ်ဦးကို ယနေ့ နံနက် ၄ နာရီခန့် (ငလျင် လှုပ်ခတ်ပြီး ၃၆ နာရီကျော်)၌ မြန်မာနိုင်ငံမှ ကူညီကယ်ဆယ်ရေး အဖွဲ့များနှင့်ပူးပေါင်း၍ အသက်ရှင်လျက်ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်းနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment