မြို့တော်ဝန်ကို ဖမ်းလို့ တူရကီမှာ ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်နေ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြို့တော်ဝန်ကို ဖမ်းလို့ တူရကီမှာ ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်နေ








မတ်- ၂၃ (တနင်္ဂနွေနေ့ ) 

တူရကီတရားရုံးတစ်ခုသည် အစ္စတန်ဘူလ်မြို့တော်ဝန် အီကရမ် အီမန်မော့ဂလူ ကို တနင်္ဂနွေနေ့က တရားဝင်ဖမ်းဆီးခဲ့ပြီး သူ့ကို အကျင့်ပျက်ခြစားမှုစွဲချက်များကြောင့် တရား၀င်ထိန်းသိမ်းရန် အမိန့်ပေးခဲ့ပါတယ်။ ယခုသီတင်းပတ်အစောပိုင်းတွင် အီမန်မော့ဂလူ ထိန်းသိမ်းခံရပြီးနောက် နိုင်ငံတစ်ဝန်း အနှံ့အပြားတွင် ပြင်းထန်သော ဆန္ဒပြမှုများ ဖြစ်ပေါ်လာပြီးနောက် အခုလို သတင်းထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။ 

သမ္မတ ရီဆပ်တေရစ်အာဒိုဂန် ရဲ့ အဓိကပြိုင်ဘက်ဖြစ်သူ အတိုက်အခံ ရီပတ်ဘလီကန် ပြည်သူ့ပါတီ (CHP) ခေါင်းဆောင် အီမန်မော့ဂလူ ကို ခြိမ်းခြောက်ငွေညှစ်မှု၊ လာဘ်ပေးလာဘ်ယူမှုနှင့် လိမ်လည်မှုဆိုင်ရာကိစ္စတွေမှာ ပါဝင်နေတယ်ဆိုပြီး  စုံစမ်းစစ်ဆေးမှု အလုပ်ခံရကာ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးလိုက်တာပါ။ အန်ကာရာ က အကြမ်းဖက်အဖွဲ့ လို့ ယူဆထားတဲ့ ကာဒစ်စတန် အလုပ်သမားပါတီ (PKK) နဲ့လည်း ပတ်သက်မှုရှိတယ်လို့ အစိုးရရှေ့နေများက သီးခြားအမှုဖွင့်ထားပါတယ်။

တနင်္ဂနွေနေ့တွင် တရားရုံးသည် အကျင့်ပျက်ခြစားမှုစွဲချက်များဖြင့် အီမန်မော့ဂလူ ကို ဆိုင်းငံ့ထောင်ဒဏ်ချရန် အစိုးရရှေ့နေများ၏ တောင်းဆိုမှုကို အတည်ပြုခဲ့ပါတယ်။ အကြမ်းဖက်မှု စုံစမ်းစစ်ဆေးရေး ဆုံးဖြတ်ချက်ကိုလည်း  ဆိုင်းငံ့ထားဆဲဖြစ်ပါတယ်။ မြို့တော်ဝန်သည် စနေရုံးချိန်းတုန်းက တရားရုံးတွင် စစ်ဆေးမေးမြန်းခြင်းကို ခံခဲ့ရပြီး ၎င်းသည် မည်သည့်အမှားအယွင်းမျှ မရှိကြောင်း ငြင်းဆိုခဲ့ပြီး ၎င်းအား စွဲချက်တင်ခြင်းသည် နိုင်ငံရေးအရ လှုံ့ဆော်မှုဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။ 

အီမန်မော့ဂလူ သည် ၂၀၂၈ သမ္မတရွေးကောက်ပွဲအတွက် CHP ၏သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခြင်း မခံရမီ ဖမ်းဆီးထိန်းသိမ်းခြင်းခံရခြင်းဖြစ်ပါတယ်။ အစ္စတန်ဘူလ်တွင် မတ်လ ၂၆ ရက်အထိ သက်တမ်းတိုးထားတဲ့ လမ်းပေါ်ထွက်စုဝေးခြင်းကို တားမြစ်ထားပေမဲ့ အီမန်မော့ဂလူကို ဖမ်းဆီးထိန်းသိမ်းမှုကြောင့် ဆယ်စုနှစ် တစ်ခုကျော်အတွင်း အကြီးမားဆုံးသော ဆန္ဒပြပွဲအချို့ဖြစ်ပေါ်လာ ခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)