ရေကြည်၊ မတ် ၂၇
နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၂၄-၂၀၂၅) ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် (၁၀၈.၄၃၂)သန်းဖြင့် (Royal New Way Co.,Ltd)မှ တာဝန်ယူဆောင်ရွက်ခဲ့သည့် အကယ်ကြီးကြို့ကုန်းကျေးရွာ ကုန်ထုတ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၈)နာရီခွဲအချိန်က အဆိုပါကုန်ထုတ်လမ်းထိပ်တွင် ကျင်းပခဲ့သည်။
အဆိုပါလမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်အေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးရဲသီဟထွန်း၊ အဖွဲ့ဝင်(၂) ဦးလှရှိန်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စိုးနှင့် ရေကြည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဆွေတို့မှ တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ကုန်ထုတ်လမ်းသစ်အား လှည်လည့်ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ အကယ်ကြီးကြို့ကုန်းကျေးရွာ ကုန်ထုတ်လမ်းသည် ကျေးရွာ(၃)ရွာအတွက် အကျိုးပြုနိုင်သော ကုန်ထုတ်လမ်းဖြစ်ပြီး အိမ်ခြေ (၅၉၈)၊ လူဦးရေ (၂၂၈၉)ဦးအတွက် အကျိုးပြုနိုင်သော ကုန်ထုတ်လမ်းဖြစ်ပြီး အရှည်(၁)မိုင် (၆.၀၉)ဖာလုံ၊ အကျယ် (၁၂)ပေ ၊ထု( ၉)လက်မရှိမြေရောကျောက် လမ်းခင်းခြင်းလုပ်ငန်းကိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ပြည်ထောင်စုရန်ပုံငွေကျပ် (၁၀၈.၄၃၂)သန်းဖြင့် (Royal New Way Co.,Ltd)မှ တာဝန်ယူဆောင်ရွက်ခဲ့သည့် ကျေးရွာကုန်ထုတ်လမ်းဖြစ်ကြောင်း သိရသည်။
မြို့နယ်
https://t.me/MyanmarNationalPost



No comments:
Post a Comment