တာမွေမြို့နယ်၌ ဂုဏဝိသိဋ္ဌပူဇာနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်၌ ဂုဏဝိသိဋ္ဌပူဇာနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ









တာမွေ၊ မတ်  ၁၆

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်ရှိ မြို့ဦးပရိယတ္တိ စာသင်တိုက်၌ ယမန်နေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်သံဃနာယကအဖွဲ့၏ ဩဝါဒကိုခံယူကာ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စီစဉ်ကျင်းပသော ၂၀၂၅ - ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ခြင်း “ ဂုဏဝိသိဋ္ဌပူဇာ ” နှင့် ၂၀၂၄ - ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်တော်မူကြသော မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား အောင်လက်မှတ်ဆက်ကပ်ပူဇော်ပွဲ “ စူဠဘွဲ့နှင်းဘသင် ” အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ နှင့် ဧည့်ပရိသတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ရွှေတံဆပ်ဆုရှင် နိုင်ငံကျော်အဆိုတော် ဝိုင်းလမင်းအောင်၏ “ တူရိယာလုလင်တေးဂီတအဖွဲ့ ” က ထူးမခြားနား သီချင်းခန့်ကြီး(ပထမ-၃ပိုဒ်)ဖြင့်သီဆိုပူဇော်ခဲ့သည်။ ဆက်လက်၍ တာမွေမြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာ တော် “မဟာဂန္ထဝါစကပဏ္ဍိတ” ဒေါက်တာဘဒ္ဒန္တနာရဒထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ပြီး မြို့နယ်စီမံ အုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဝင်းက သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြခဲ့သည်။ ထို့နောက် ရွှေတံဆပ် ဆုရှင် နိုင်ငံကျော်အဆိုတော် ဝိုင်းလမင်းအောင်၏ “ တူရိယာလုလင်တေးဂီတအဖွဲ့ ” က ရှစ်ဆယ်ပေါ် တေးထပ် နှင့် မင်္ဂလာရတုပိုဒ်စုံတို့ဖြင့်သီဆိုပူဇော်ခဲ့ပြီး ဘွဲ့တံဆိပ်တော်ရဆရာတော်နှင့် ပင့်သံဃာတော် အရှင်သူမြတ်များ အား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်ပြီး ၂၀၂၄ - ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲ အောင်မြင်တော်မူကြသော မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား အောင်လက်မှတ် နှင့် လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် “ဂန္ထ ဝါစကပဏ္ဍိတ” ဘဒ္ဒန္တစန္ဒောဘာသထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။ ယင်းနောက် အခမ်းအနားသို့ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်း အနားကို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ဥပါသကာအဖွဲ့ဝင်များ၊ မြို့နယ် အတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)