တောင်တွင်းကြီးမြို့နယ်တွင် နွေစပါး ဧက ၉၀၀ ကျော် စိုက်ပျိုးပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်တွင်းကြီးမြို့နယ်တွင် နွေစပါး ဧက ၉၀၀ ကျော် စိုက်ပျိုးပြီးစီး

 



တောင်တွင်းကြီး၊ မတ် ၂၅

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ နွေစပါးစိုက်ပျိုးခြင်း စွမ်းအားတိုးတက်မြှင့်မားရေးအတွက် ရန်ပယ်ဆည်ရေ၊ ငမင်ဆည်ရေသောက်စနစ်တို့ဖြင့် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှစတင်၍ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင် နွေစပါးလျာထားဧက ၉၀၀ ကျော် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ သက်တမ်းတို အထွက်ကောင်းမျိုးများဖြစ်သည့် ဆာပိုးသားစပါးမျိုးနှင့် အောင်နိုင်တိုးစပါးမျိုးများကို စိုက်ပျိုးထားရှိပြီး စိုက်ပျိုးနည်းစနစ်အရ ကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာ၊ ပျိုးထောင်နည်းစနစ်များဖြင့် စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ (Taskforce) အဖွဲ့ ဖွဲ့စည်း၍ စိုက်ပျိုးရေးနည်းစနစ်သင်တန်းဖွင့်လှစ်ပေးခြင်း၊ လယ်ယာစိုက်ပျိုးသည့် တောင်သူလယ်သမားများအား တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်များဖြင့် နွေစပါးစိုက်ပျိုးခြင်းအား ကွင်းသရုပ်ပြခြင်းနှင့် ပေါင်းလိုက်သမန်းနှိုး၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာရောနှောကြဲပတ်ခြင်း၊ သွင်းအားစုများထောက်ပံ့ပေးခြင်း၊ နွေစပါးစိုက်ဧကများ ရေလုံလောက်မှုရရှိစေရေးအတွက် အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


နောင်နောင် (ဗိဿနိုးမြေ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)