Pages

Pages

သံတောင်ကြီးမြို့ ဇိုင်းယာန်းနှစ်ခြင်း ဘုရားကျောင်းတွင် နွေရာသီဓမ္မပညာသင်တန်း ဖွင့်လှစ်




သံတောင်ကြီး၊ မတ် ၂၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် နွေရာသီအားလပ်ရက်များတွင် ကျောင်းနေအရွယ် ကလေးသူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် မိမိတို့၏ ဘာသာ၊ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများကို သိရှိစေရန် ရည်ရွယ်၍ ဇိုင်းယာန်းနှစ်ခြင်းဘုရားကျောင်းတွင် ယနေ့နံနက်(၉) နာရီအချိန်က နွေရာသီဓမ္မပညာသင်တန်း ဖွင့်လှစ်သင်ကြားပေးကြောင်း သိရသည်။

သင်တန်းတွင် ဘဝအတွက်တာသင်ခန်းစာများ၊ တေးသရုပ်ဖော်များ၊ စက္ကူခေါက်ခြင်း၊ သမ္မာကျမ်းစာ သင်ကြားပေးခြင်း စသည်တို့ကို ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်မှ ဓမ္မပညာ ဆရာ/မ(၂၀)ဦးတို့က သင်ကြားပေးပြီး သင်တန်းသူ/သင်တန်းသား၊ ကျောင်းသူ/ကျောင်းသား(၁၂၀)ဦး တက်ရောက်ကာ သင်တန်းကာလမှာ မတ်လ(၂၆)ရက်နေ့မှ ဧပြီလ (၅)ရက်နေ့ထိဖြစ်ကြောင်း သိရသည်။


နော်နော်မူ

https://t.me/MyanmarNationalPost

No comments:

Post a Comment