Pages

Pages

ပြည်ကြီးတံခွန်မြို့နယ် အ.ထ.က(၂၇)နှင့် အ.ထ.က(ခွဲ) ၂၄ကျောင်းတို့၌ အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့်ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲ သင်တန်းဖွင့်လှစ်




ပြည်ကြီးတံခွန်၊ မတ် ၂၆

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ဆရာ၊ဆရာမများ၏ သင်ကြားရေးအရည်အသွေး ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့်  ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာ မူလတန်း၊ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြင့် ဆွေးနွေးပွဲ သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီ က အဆိုပါ မြို့နယ်ရှိ အ.ထ.က (၂၇) နှင့် အ.ထ.က (ခွဲ) -၂၄ ကျောင်းတို့၌ ဖွင့်လှစ်ခဲ့သည်။

အဆိုပါ သင်တန်းကို မြို့နယ်ပညာရေးမှူး ဒေါ်အေးသန္တာခိုင်နှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင် သန်းထွန်းတို့က အနီးကပ်ကြီးကြပ်၍ မူလတန်းအဆင့်နည်းပြ (၂၈)ဦး၊ အလယ်တန်းအဆင့် နည်းပြ (၂၄)ဦး တို့က မြန်မာစာ၊အင်္ဂလိပ်စာ၊သင်္ချာ၊လူမှုရေးနှင့် အနုပညာ စသည့် ဘာသာရပ်များကို ဆွေးနွေးပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ သင်တန်းကို မတ်လ ၂၄ ရက်နေ့မှ ၂၈ နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသို့ မူလတန်းအဆင့် ဆရာ၊ဆရာမ (၄၀၅)ဦး၊ အလယ်တန်းအဆင့် ဆရာ၊ဆရာမ (၃၁၆) ဦး စုစုပေါင်း (၇၂၁)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


ခင်စောလွင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment