ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုမှု ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုမှု ကြည့်ရှုအားပေး


ပုသိမ်၊ မတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီးတွင် ၂၀၂၅ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့အား စာဖြေသံဃာတော်များဖြေဆိုနေမှုများကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နေ့လည်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဩဝါဒစရိယဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုခဲ့ပြီး စာဖြေသံဃာတော်များ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး ဆောင်ရွက် ထားရှိမှု အခြေအနေအများ လျှောက်ထားခဲ့ပြီး သံဃာတော်များအား၏ စာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ အစိုးရဓမ္မာစရိယစာမေးပွဲ ပါရာဇိက ကဏ္ဍပါဠိအဋ္ဌကထာ ဒုတိယနေ့အဖြစ် ပုသိမ်မြို့နယ်စာဖြေဌာနတွင် မြို့နယ်အတွင်းရှိ စာသင်တိုက်အသီးသီးမှ စာဖြေသံဃာ(၆၁)ပါးဝင်ရောက်ဖြေဆိုခဲ့ပြီး တိုင်းဒေသကြီးအတွင်းရှိ စာဖြေဌာန(၆)ခုတွင် သံဃာ (၃၄၉)ပါး၊ သီလရှင်(၄၇)ပါး၊ လူပုဂ္ဂိုလ်(၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး မတ်လ(၂၅)ရက်နေ့မှ ဧပြီလ(၂) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ ပါဠိပထမပြန်စာမေးပွဲကို  မတ်လ(၃၁)ရက်နေ့မှ ဧပြီလ(၆)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာတန်ဆောင်ခန်းမဆောင်တွင် အခြေခံပညာမူလတန်းအဆင့်သင်ဆရာ၊ ဆရာမများအတွက် ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း(Dip-EP)အမှတ်စဉ် (၁/၂၀၂၅)ဖွင့်လှစ်သင်ကြားနေမှုအား သွားရောက်ကြည့်ရှုအားပေးရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နွေရာသီကျောင်းပိတ်ရက် ဖြစ်သည့် အတွက် ဆရာဆရာမများမှ အချိန်ကိုအကျိုးရှိစွာအသုံးချ၍ ဒီပလိုမာဘွဲ့လက်မှတ်များ ချီးမြှင့်နိုင်ရန်အတွက်ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာ သင်တန်း (Dip-EP)ကို ဖွင့်လှစ် ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းကာလအတွင်း အပြန်အလှန်ဆွေးနွေးခြင်းဖြင့် မိမိတို့၏ အရည်အသွေးများတိုးတက်အောင် ကြိုးစားကြရန်၊ မြို့နယ်အသီးသီးမှ လာရောက်၍ လေ့လာသင်ယူရသည့်အတွက် နေထိုင်စားသောက်ရေးနှင့် လမ်းခရီးသွားလာရာတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာ၍ဂရုစိုက်သွားလာရန်၊ သင်တန်းတွင် သင်ကြားဆွေးနွေးမှုများကို အလေးထားပြန်လည်သင်ကြားပေးကြရန်” ပြောကြားခဲ့ပြီး ဆရာဆရာမများအား ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ပုသိမ်ပညာရေး ဒီဂရီကောလိပ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်နှင့် အမှတ်(၅)အခြေခံပညာအထက်တန်း ကျောင်းများသို့ သွားရောက်၍ အခြေခံပညာမူလတန်းအဆင့်သင် ဆရာ၊ ဆရာမများအတွက် ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း(Dip-EP)အမှတ်စဉ် (၁/၂၀၂၅)ဖွင့်လှစ် သင်ကြားနေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး သင်ကြားပို့ချနေမှု အခြေအနေများ ဆွေးနွေးပြောကြားခဲ့ပြီး သင်တန်းသား ဆရာ၊ ဆရာမများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းကို တိုင်းဒေသကြီးအတွင်းရှိ သင်တန်းဌာန(၇)ခုတွင် သင်တန်းသား ဆရာ၊ ဆရာမ (၃၅၄၁)ဦးတက်ရောက် သင်ကြားနေပြီး မတ်လ(၂၄)ရက်နေ့မှ မေလ(၃၀) ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


ကျော်ဟိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)