သနပ်ပင်မြို့နယ်တွင် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် သင်ကြားသင်ယူမူထိရောက်ရေး ဆရာ/ဆရာမများ အရည်အသွေးမြှင့်ဆွေးနွေးပွဲ သင်တန်းအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သနပ်ပင်မြို့နယ်တွင် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် သင်ကြားသင်ယူမူထိရောက်ရေး ဆရာ/ဆရာမများ အရည်အသွေးမြှင့်ဆွေးနွေးပွဲ သင်တန်းအခမ်းအနားကျင်းပ




သနပ်ပင်၊ မတ် ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် မူလတန်းဆင့်နှင့် အလယ်တန်းဆင့်သင်ကြားပေးသော ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်တင်ပေးရန် ရည်ရွယ်၍ မူလတန်းနှင့် အလယ်တန်းဆင့်သင်ကြားသင်ယူမူထိရောက်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲ သင်တန်းကို အခြေခံပညာအထက်တန်းကျောင်း ဇီဇဝါခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဦးမျိုးမြင့်သိန်း (ဒု-မြို့နယ်ပညာရေးမှူး) က အဖွင့်အမှာစကားပြောကြားပြီး ဆက်လက်၍ သင်တန်းမှူး ဦးနေအောင် (ဒု-မြို့နယ်ပညာရေးမှူး) က သင်တန်းသား၊ သင်တန်းသူများကို သင်တန်းဆိုင်ရာ စည်းကမ်းများနှင့် သင်ကြားပေးသည့် အတွေ့အကြုံများကို မိမိတို့ကျောင်းသို့ ရောက်ရှိသည့်အခါ ကျောင်းအုပ်ကြီးများ၏ ကြီးကြပ်မှုကို ခံယူပြီး မိဘ၊ ဆရာ၊ ကျောင်းသား (၃) ဦး ပေါင်းစပ်၍ ဟန်ချက်ညီအောင် ဆောင်ရွက်ခြင်းအားဖြင့် မူလတန်း၊ အလယ်တန်းအဆင့် သင်ကြားရေးလုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်နိုင်သည့် အရည်အချင်းပြည့်ဝသည့် ဆရာ၊ ဆရာမများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားစေလိုပါကြောင်း ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲသင်တန်းတွင် သနပ်ပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်း၊ အလယ်တန်းသင်ပြသော သင်တန်းသား၊ သင်တန်းသူ (၂၉၂) ဦးဖြစ်ပြီး သင်တန်းနည်းပြ (၂၂) ဦးနှင့် သင်တန်းမှူး (၁) ဦး တက်ရောက်၍ ထိုသင်တန်းကို မတ်လ (၂၄) ရက်နေ့မှ (၂၈) ရက်နေ့အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။


အောင်မြင့်မြတ်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)