ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် အစောဆုံးကျင်းပသွားဖို့ စီစဉ်ထားကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် အစောဆုံးကျင်းပသွားဖို့ စီစဉ်ထားကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား


မင့်စ်၊ မတ် ၇

ရွေးကောက်ပွဲကို ယခုနှစ် ဒီဇင်ဘာ(သို့မဟုတ်) ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် အစောဆုံးကျင်းပရန်စီစဉ်ထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က မတ် ၇ ရက်က ဘယ်လာရုစ်နိုင်ငံသမ္မတ လူကာရန်းကော့တို့  ဘယ်လာရုစ်သမ္မတ နန်းတော်တွင်တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးမှုများအပြီး ပြုလုပ်သည့် ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် က “ကျွန်တော်တို့ဟာပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲမသမာမှုဖြစ်ခဲ့တဲ့အတွက် ကျွန်တော်တို့နိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာပြီးတော့ ခေတ္တတာဝန်ယူထားတာဖြစ်ပါတယ်။ မကြာခင်မှာလည်း ဥပဒေနဲ့အညီ ရွေးကောက်ပွဲကို ကျင်းပသွားဖို့ရှိပါတယ်။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် အစောဆုံးကျင်းပသွားဖို့ စီစဉ်ထားကြောင်း ပြောလိုပါတယ်” ဟု နစကဥက္ကဋ္ဌကပြောကြားသည်။

ရွေးကောက်ပွဲဝင်ရန်အတွက်လည်း ပါတီပေါင်း ၅၃ ခုက စာရင်းပေးသွင်းထားပြီးဖြစ်ကြောင်းနှင့်  ရွေးကောက်ပွဲကျင်းပမှုနှင့်ပတ်သက်ပြီး ဘယ်လာရုစ်နိုင်ငံ၏ လေ့လာရေးအဖွဲ့များကို လာရောက်ကြည့်ရှုနိုင်ရန် အတွက် ဖိတ်ကြားကြောင်း ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် က ပြောကြားသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)