မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) တွင် အမျိုးသမီးဘောလုံးအကယ်ဒမီ အဆောက်အဦသစ် တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) တွင် အမျိုးသမီးဘောလုံးအကယ်ဒမီ အဆောက်အဦသစ် တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှု








ချမ်းအေးသာစံ၊ မတ် ၂၄

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး မတ်လ (၂၃) ရက်နေ့ နံနက်ပိုင်းက မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး)တွင် အမျိုးသမီးဘောလုံးအကယ်ဒမီ ဖွင့်လှစ်နိုင်ရေးအတွက် အာစီရ် ၃ထပ် အဆောက်အဦသစ် တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က အမျိုးသမီးဘောလုံးလောကဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ အစီအစဉ် (အမေရိကန်ဒေါ်လာ ၁.၈၉ မီလီယံ)ဖြင့် အမျိုးသမီးဘောလုံးအကယ်ဒမီအဆောက်အဦသစ် တည်ဆောက်ရေးလုပ်ငန်းနှင့် ဖွင့်လှစ်ရန်ပြင်ဆင်ဆောင်ရွက်နေမှု၊ နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်ရေး ဘောလုံးဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်အဖွဲ့သည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် နွေရာသီအခြေခံဘောလုံးသင်တန်းတွင် တက်ရောက်နေသော လူငယ်များကို အားပေးနှုတ်ဆက်ပြီးနောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က တိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများအတွက် ဘောလုံး (၁၀၀၀) လုံးကို တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ပေးအပ် ခဲ့ကြောင်းနှင့် နွေရာသီအခြေခံဘောလုံးသင်တန်းသို့ တက်ရောက်နေသူများအား ဘောလုံးများ အခမဲ့ပေးခဲ့ကြောင်း သိရသည်။


ထွန်းထွန်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)