အောင်ကိုမိုးအား တရားစွဲဆိုထားသောအမှု ရုံးချိန်း ထပ်မံချိန်းဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

အောင်ကိုမိုးအား တရားစွဲဆိုထားသောအမှု ရုံးချိန်း ထပ်မံချိန်းဆို



နေပြည်တော်၊ မတ် ၅

အကယ်ဒမီပေးပွဲတွင် ဘာသာရေးဆိုင်ရာ မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း အောင်ကိုမိုးအား တရားစွဲဆိုထားသော အမှု ယနေ့ ရုံးချိန်းတွင် စစ်ဆေးဆောင်ရွက်နိုင်ခြင်း မရှိဘဲ ထပ်မံချိန်းဆိုလိုက်ကြောင်း သိရသည်။

ယနေ့ ရုံးချိန်းအခြေအနေနှင့် ပတ်သက်၍ တရားလိုအား မေးမြန်းရာ "ရဲက ဖမ်းဆီးရမိခြင်း မရှိသေးဘူး။ ဒါကြောင့် ရုံးချိန်းထပ်ချိန်းပေးဖို့ တောင်းတာပေါ့။ တရားလိုဘက်က ရှေ့နေ ပါဝါတင်တာပဲ လုပ်ခဲ့တယ်။ နောက်ရုံးချိန်း ၂၅-၃-၂၀၂၅ ရက်နေ့ကို ပြန်ချိန်းလိုက်တယ်" ဟု ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အောင်ကိုမိုးက အကယ်ဒမီပေးပွဲတွင် ဗုဒ္ဓဘာသာဝင် ပြည်သူများ အထင်အမြင်လွဲမှားစေနိုင်သည့် ပုံစံ လုပ်ဆောင်ခဲ့ခြင်း ဗုဒ္ဓပုံတော်မဟုတ်ကြောင်း ဆယ်လီမီဒီယာများမှ ပြောဆိုခဲ့သည်။

တရားလိုပြသက်သေ ဆရာတော် ဦးပညာက "သူက သူကိုင်လာတဲ့ ပုံမှာ နားကပ်ပါလို့ ဘုရားပုံမဟုတ်ပါဘူးလို့ ပြောနေတယ်။ ဘုန်းကြီးတော့ မြင်တာကြတော့ ဘုရားကို ခေါင်းဖြတ်ရုံတင် မဟုတ်ဘူး။ မဖွယ်မရာ နားကပ်ပါ ပန်ပေးလာတယ်လို့ မြင်တယ်။ တာဝန်ရှိသူတွေအပိုင်းက ဘယ်လို ဆက်လုပ်မလဲ ဆိုတာ စောင့်ကြည့်နေပါတယ်။" ဟု မိန့်ကြားသည်။

ယနေ့ တရားခွင်သို့ တရားလိုနှင့် လိုပြသက်သေများ လာရောက်ခဲ့သော်လည်း တရားစွဲဆိုခံထားရသည့် အောင်ကိုမိုး ရောက်မလာခြင်းကြောင့် ထပ်မံ ရက်ချိန်းယူခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)