အစ္စရေးလွှတ်တော်မှာ ဓားစားခံမိသားစုဝင်တွေ နဲ့ အစောင့်တွေ ထိုးကြိတ်မှုဖြစ်ပွား - Myanmar National Post

Myanmar National Post

News Agency

Breaking

အစ္စရေးလွှတ်တော်မှာ ဓားစားခံမိသားစုဝင်တွေ နဲ့ အစောင့်တွေ ထိုးကြိတ်မှုဖြစ်ပွား



မတ်-၅ ( ဗုဒ္ဓဟူးနေ့ ) 

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟု တက်ရောက်မယ့် လွှတ်တော် အစည်းအဝေးပွဲတစ်ခုကို အောက်တိုဘာ ၇ ဖြစ်ရပ်ဆိုးထဲမှာ ဟားမတ်တွေဖမ်းဆီးခြင်းကို ခံလိုက်ရတဲ့ ဓားစာခံတွေရဲ့ မိသားစုဝင်တွေ  တက်ရောက်လာတာကို လွှတ်တော်လုံခြုံရေးအဖွဲ့ က တားဆီးလို့ ရုန်းရင်းဆန်ခတ်ဖြစ်ကာ လူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အနောက်ဂျေရုစလင်ပို့စ်သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။ 

လွှတ်တော်တွင်းမှာ အောက်တိုဘာ ၇ ဖြစ်ရပ်ဆိုး စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ပြုလုပ်တဲ့ အစည်းအဝေးမှာ ဓားစားခံမိသားစုတွေတက်ရောက်ခွင့်ရဖို့အတွက် အောက်တိုဘာကောင်စီ အန်ဂျီအိုအဖွဲ့  က လွှတ်တော် ဥက္ကဋ္ဌ အေမာအိုဟာနာထံသို့ စာတင်ခဲ့ပြီးနောက် တနင်္လာနေ့က ပြုလုပ်တဲ့ အစည်းအဝေးမှာ ဓားစာခံ မိသားစုဝင်တွေ တက်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ လွှတ်တော်လုံခြုံရေးအဖွဲ့ (ကနက်ဆတ်) က မိသားစုဝင်တွေကို ဧည်ခန်းသို့ တက်ရောက်မဲ့ လှေကားအဝမှာ ပိတ်ဆို့ပြီး တားဆီးလို့ ရုန့်ရင်းဆန်ခတ် ဖြစ်ပွားပြီးနောက် မိသားစုဝင်တွေထဲက ၂ ယောက် ထိုးကြိတ်ခံလိုက်ရပါတယ်။ 

အောက်တိုဘာ ကောင်စီ အန်ဂျီအိုအဖွဲ့ က ဟားမတ်တွေဖမ်းဆီးခြင်းကို ခံလိုက်ရတဲ့ မိသားစုဝင်တွေအတွက် အစိုးရဆီကနေ တစ်စုံတစ်ရာပြန်တောင်းဆိုဖို့အတွက် ဖွဲ့ထားတဲ့ အဖွဲ့အစည်းပါ။ လုံခြုံရေးတွေက မိသားစုတွေကို လွှတ်တော်မှာ မိသားစုဝင်တွေအတွက် ထိုင်ခုံ အလုံအလောက်မရှိဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ တား ဆီးတယ်လို့ ဆိုပါတယ်။ မိသားစုဝင်တွေကလည်း လွှတ်တော်မှာ ဝန်ကြီးချုပ်နဲ့ အခြေအတင် စကားပြောဖို့အတွက် အစည်းအဝေးကို မဖြစ်မနေတက်ရောက်ဖို့ ကြိုးစားရင်း ပြဿနာတက်သွားတာပါ။ လုံခြုံရေးတွေက မိသားစုဝင်တွေကို တားဆီးရင်း ခြေလွန်လက်လွန်ဖြစ်ကာ လူ ၂ ဦး အပြင်းအထန် ဒဏ်ရာရသွားခဲ့ပါတယ်။ 

ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ်အတွင်း လှေကားမှ ပြုတ်ကျပြီး လူနှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိကာ အကြမ်းဖက်နှိမ်နင်းမှု ဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒပြရာတွင် မိသားစုများသည် လှေကားခြေရင်းတွင် စုရုံးကာ ဂျူးလူမျိုးတို့၏ ဝမ်းနည်းခြင်းဆုတောင်းချက်ဖြစ်သော ကဒ်ဒစ်ရှ်ဘာသာကို ရွတ်ဆိုကာ ကွယ်လွန်သူ ချစ်ရသူ၏ပုံများနဲ့ စာတန်းများကို ကိုင်ဆောင်ထားကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ 

နောက်ပိုင်းမှာတော့ မိသားစုများအား တင်းကြပ်သော ကြီးကြပ်မှုဖြင့် အခန်းထဲသို့ ဝင်ရောက်ခွင့်ပေးခဲ့ပါတယ်။ နေတန်ယာဟု မိန့်ခွန်းပြောနေစဉ်တွင် ၎င်းတို့က ပျောက်ဆုံးသွားသော ဆွေမျိုးများ၏ ဓာတ်ပုံများကို ကိုင်ဆောင်ကာ မတ်တပ်ရပ်ကာ ကျောခိုင်းခဲ့ကြောင်း သိရပါတယ်။  


REF - RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)