ပဲခူးမြို့တွင် မီးအားမြှင့်စက် အပူလွန်ကဲရာမှ နေအိမ် မီးလောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့တွင် မီးအားမြှင့်စက် အပူလွန်ကဲရာမှ နေအိမ် မီးလောင်




ပဲခူး၊ မတ် ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ကျွန်းသာယာရပ်ကွက် ရှိ နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ် ၂၆ရက်နေ့ ည ၁၀း၁၅ အချိန်ခန့်က ပဲခူးမြို့နယ်၊ ကျွန်းသာယာရပ်ကွက်၊ နယ်မြေ(၁၉)၊ တပင်ရွှေထီး(၂)လမ်းတွင် မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းအရ တာဝန်ရှိသူများမှသွားရောက်၍ မီးငြိမ်းသတ်၍ ကွင်းဆင်းစစ်ဆေးခဲ့ရာ ည ၁၀း၃၀ အချိန်တွင် မီးညွှန့်ကျိုးခဲ့ပြီး ၁၀း၃၅ အချိန်တွင် မီးငြိမ်းသွားခဲ့ကာ မီးလောင်မှုနှင့်ပတ်သက်၍ စစ်ဆေးခဲ့ရာ ပိုင်ရှင်မှာ ဦးကျော်မင်း၊ ၆၅နှစ်၊ တပင်ရွှေထီး(၂)လမ်း၊ နယ်မြေ(၁၉)၊ ကျွန်းသာယာရပ်ကွက်၊ ပဲခူးမြို့နေသူဖြစ်ပြီး မီးလောင်မှုအား စစ်ဆေးခဲ့ရာ အိမ်အတွင်းရှိ မီးအားမြှင့်စက်မှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းခဲ့ရခြင်းဖြစ်ပြီး ပျက်ဆီးဆုံးရှုံးမှုတန်ဖိုး စိစစ်နေဆဲဖြစ်ကြောင်း၊  ဖြစ်စဉ်ကြောင့်လူ/တိရိစ္ဆာန်ထိခိုက် မှုမရှိကြောင်း သိရသည်။


ဇော်မိုး (ပဲခူး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)