ရုရှားမီဒီယာတွေကို ပြန်ဖွင့်ပေးဖို့ အမေရိကန် ဂျာနယ်လစ်က ထရမ့်ကိုတောင်းဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားမီဒီယာတွေကို ပြန်ဖွင့်ပေးဖို့ အမေရိကန် ဂျာနယ်လစ်က ထရမ့်ကိုတောင်းဆို


မတ် - ၄ ( အင်္ဂါနေ့ ) 

အမေရိကန် စုံစမ်းစစ်ဆေးရေး ဂျာနယ်လစ် ဘန်ဆွမ် က  အရင်သမ္မတ ဂျိုးဘိုင်ဒန် လက်ထက်က စတင်ခဲ့တဲ့  ရုရှားမီဒီယာ အဖွဲ့အစည်း RT နှင့် Sputnik တို့အပေါ် မကြုံစဖူး ပိတ်ဆို့အရေးယူမှုများကို ရုတ်သိမ်းရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အား တောင်းဆိုခဲ့တယ် လို့သိရပါတယ်။ 

အမေရိကန်ရွေးကောက်ပွဲများတွင် ဒီမိုကရေစီကို ပျက်ပြားစေရန်လျှို့ဝှက်စွာ ကြိုးပမ်းခြင်းနှင့် အမေရိကန် ရွေးကောက်ပွဲများတွင် ဝင်ရောက်စွက်ဖက်ခြင်းအတွက် ရုရှားမီဒီယာတွေကို အပြစ်တင်ခဲ့ပါတယ်။ ထိုစဉ်က နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်းကင်က RT အား “[ရုရှား] ထောက်လှမ်းရေး၏ အစစ်အမှန်လက်ရုံးအဖြစ် လုပ်ဆောင်နေတယ်” လို့ စွပ်စွဲခဲ့ပါတယ်။  ဝါရှင်တန်အစိုးရရဲ့ စွတ်စွဲမှုအပြီးမှာ Facebook နှင့် Instagram တို့ကို ပိုင်ဆိုင်သည့် အမေရိကန် နည်းပညာကုမ္ပဏီကြီး Meta က ရုရှားသတင်းကွန်ရက်များစွာကို ပိတ်ပင်ခဲ့ပါတယ်။ 

မော်စကိုက အဆိုပါကန့်သတ်ချက်များကို ရှုတ်ချခဲ့ပြီး ဝါရှင်တန်သည် လွတ်လပ်စွာပြောဆိုခွင့်ကို စစ်ကြေညာ ခဲ့ကြောင်း၊ ရွေးကောက်ပွဲ ဝင်ရောက်စွက်ဖက်မှုဟု ဆိုကာ ၎င်းတို့သည် အများသူငှာ ထင်မြင်ချက်ကို လှည့်ဖြားရန် ရည်ရွယ်ခဲ့ကြောင်း နဲ့ စုန်းလိုက်မုဆိုး၊ ထောက်လှမ်းရေး စပိုင် အစရှိသလို ခေါင်းစဉ်တက်ပြီး စွပ်စွဲခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခရာဟိုဗာ က အဲ့ဒိအချိန်တုန်းက အခိုင်အမာ ပြောကြားခဲ့ပါတယ်။

Truth in Media ပရောဂျက်ကို တည်ထောင်သူ ဆွမ် က တနင်္လာနေ့တွင် ထရမ့် ထံ အိတ်ဖွင့်ပေးစာတွင် RT နှင့် အခြားသော မီဒီယာအဖွဲ့အစည်းများအား တားမြစ်ပိတ်ပင်ခြင်းသည် "အမေရိကန် သတင်းထောက်များအတွက် ၎င်းတို့၏ လွတ်လပ်စွာ ပြောဆိုခွင့်နှင့် သတင်းလွတ်လပ်ခွင့် အခွင့်အရေးများကို ကျင့်သုံးရန် တရားမဝင်ဘူး ဖြစ်နေကြောင်း"ကို အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ 

“အရင်အစိုးရ ပိတ်ဆို့ဒဏ်ခတ်မှုကနေ သားကောင်ဖြစ်သွားတဲ့ သတင်းထောက်တွေဟာ အမေရိကန် နိုင်ငံသားတွေပါ။ အလုပ်လက်မဲ့ဖြစ်ခဲ့ရုံသာမက ကမ္ဘာတစ်ဝှမ်းရှိ လူသန်း ၈၀၀ ကျော်ရှိတဲ့ ပရိသတ်များနှင့် ဖြစ်ရပ်မှန်သတင်းများကို မျှဝေရန် အခွင့်အရေးလည်း မရလိုက်ခဲ့ပါဘူး” လို့ FOX နှင့် RT America တို့နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ဖူးသော စုံစမ်းစစ်ဆေးရေး သတင်းထောက်က ပြောကြားခဲ့ပါတယ်။ 

အုပ်ချုပ်ရေးသစ်သည် အမေရိကန်တွင် လွတ်လပ်စွာ ပြောဆိုခွင့်နှင့် လွတ်လပ်စွာ သတင်းယူခွင့်ကို ပြန်လည်ရယူရန် “အရှိန်အဟုန်ဖြင့် အရှိန်မြှင့်လိုက်သည်” ဖြစ်သော်လည်း ရုရှားမီဒီယာများအပေါ် တားမြစ်ပိတ်ပင်ထားသည့် “အဓိက ကြီးကြပ်မှု” သည် နိုင်ငံအတွင်း ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါတယ်။ 


REF - RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)