ထရမ့်ကြောင့် နေတိုးနိုင်ငံအချင်းချင်း စစ်ဖြစ်သွားနိုင်တယ်လို့ ဒိန်းမတ် ကာကွယ်ရေးကော်မတီ ဥက္ကဌ ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထရမ့်ကြောင့် နေတိုးနိုင်ငံအချင်းချင်း စစ်ဖြစ်သွားနိုင်တယ်လို့ ဒိန်းမတ် ကာကွယ်ရေးကော်မတီ ဥက္ကဌ ဆို



မတ် - ၁၅ ( စနေနေ့ ) 

ဂရင်းလန်းကို သိမ်းပိုက်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အစီအစဉ်သည် အမေရိကန်နှင့် ဒိန်းမတ်ကြား စစ်ပွဲဖြစ်လာနိုင်တယ်လို့ ဒိန်းမတ်လွှတ်တော်အမတ် နဲ့ ကာကွယ်ရေးကော်မတီဥက္ကဋ္ဌ ရက်စ်မက်စ်ဂျာလော့ဗ် က သတိပေးလိုက်ပါတယ်။ ဂရင်းလန်ကျွန်းကို အမေရိကားလက်ထဲကို ပေးလိုက်ဖို့ဆိုတာ ဒိန်းမတ်အစိုးရအတွက် မေးခွန်းထုတ်စရာကို မလိုတဲ့ မေးခွန်းဖြစ်ပါတယ် လို့ ၎င်းကဆိုပါတယ်။ 

ထရမ့်နဲ့ နေတိုး အထွေထွေအတွင်းရေးမှူး မက်ခ်ရက်တီ တို့ တွေ့ဆုံပြီးနောက် ဂရင်းလန်ကို အမေရိကားအတွက် ဆွေးနွေးခဲ့ကြပါတယ်။ ထရမ့်ကတော့ ဖြစ်နိုင်ဖွယ်ရာရှိတယ်လို့ အကြံပြုခဲ့ပါတယ်။ နေတိုးရဲ့ ကာကွယ်ရေး အတွက်လည်း အရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။ ရက်တီက အဲ့ဒိအကြံကို မထောက်ခံပေမဲ့ အာတိတ်ဒေသ အတွင်းမှာ တိုးပွားလာတဲ့ တရုတ်နဲ့ ရုရှားတို့ရဲ့ ခြေဆန့်မှုက ဥရောပနဲ့ အမေရိကား ရဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်းမှုကို မြှင့်တက်လာစေခြင်းကိုတော့ လက်ခံခဲ့ပါတယ်။ 

ဂျာလောဗ်ကတော့ ဒိန်းမတ်အနေနဲ့ ဂရင်းလန်းအား ထိန်းချုပ်မှုကို စွန့်လွှတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ အကြိမ်ကြိမ် ငြင်းဆိုခဲ့ပြီး နေတိုးနိုင်ငံနှစ်ခုကြား စစ်ပွဲ ဖြစ်လာနိုင်တယ် ဆိုတာကို နားလည်ဖို့လိုတယ်လို့ ပြောလိုက်ပါတယ်။ ဂရင်းလန်အတွက် "အမေရိကန်နှင့်ပူးပေါင်းခြင်းသည် မေးခွန်းထုတ်စရာမရှိပါ" ဟု ရေးသားခဲ့ပြီး ထိုသို့သောအခြေအနေသည် "အမေရိကန်ကတော့ စစ်ရေးအရ ကျူးကျော်လာပါက အောင်မြင်နိုင်ပါတယ်" လို့ သူ့ရဲ့ X မီဒီယာပို့စ်မှာ ရေးသားခဲ့ပါတယ်။ 

ဂရင်းလန်ကျွန်းမှာ တူးမထုတ်ရသေးတဲ့ တွင်းထွက်သယံဇာတများ နဲ့ စစ်ရေးအရဗျူဟာမြောက် ထရမ့်က  စိတ်ဝင်စားခဲ့သည်မှာ ကြာပါပြီ။ ဒိန်းမတ်ကိုလိုနီဟောင်းဂရင်းလန်က ၁၉၇၉ ခုနှစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိခဲ့သော်လည်း နိုင်ငံခြားရေးမူဝါဒ၊ ကာကွယ်ရေးနှင့် ငွေကြေးမူဝါဒဆိုင်ရာကိစ္စရပ်များတွင် ကိုပင်ဟေဂင်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသေးတယ်။ 

ဒိန်းမတ်လွှတ်တော်တွင်း မဲခွဲမှုတွေမှာ တော့ ထရမ့်ရဲ့ အစီအစဉ်များကို ဆန့်ကျင်နေဆဲလို့ သိထားရပေမဲ့  အခြေအနေ ပြောင်းလဲသွားနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။ ဒိန်းမတ်ရွေးကောက်ပွဲမှာ လည်း ဒီမိုကရက်များသည် အမတ်နေရာအများစုကို အနိုင်ရခဲ့သော်လည်း အစိုးရ မဖွဲ့နိုင်လို့  ညွန့်ပေါင်း ဖွဲ့စည်းရန် လိုအပ်မှာဖြစ်ပါတယ်။ ဒုတိယအင်အားအကြီးဆုံးပါတီဖြစ်တဲ့ နာလာရက်ပါတီက အမေရိကန်နှင့် ပိုမိုနီးကပ်သောဆက်ဆံရေးရှိနေတာကြောင့် ဂရင်းလန်က အမေရိကကို ရောက်သွားနိုင်ကြောင်း သုံးသပ်ထားပါတယ်။  


REF : RT                                                                                

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)