မော်လမြိုင်မြို့နယ်၌ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ သနပ်ခါးသွေးနှင့် လိမ်းခြယ်မှုပြိုင်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်မြို့နယ်၌ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ သနပ်ခါးသွေးနှင့် လိမ်းခြယ်မှုပြိုင်ပွဲ အခမ်းအနားကျင်းပ

 




မော်လမြိုင် , မတ် ၁၁


မြန်မာ့သနပ်ခါးကို အမြတ်တနိုးတန်ဖိုးထားလိမ်းခြင်းဖြင့် မြန်မာ့ရိုးရာအမွေအနှစ်ဆင်ယင်ထုံးဖွဲ့မှု ဓလေ့စရိုက်များထဲတွင် မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု​အမွေအနှစ်တစ်ခုအဖြစ် ထင်ရှားလာအောင် ပြည်သူများအားလုံး ပါဝင်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ သနပ်ခါးသွေးနှင့် လိမ်းခြယ်မှုပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပရိယတ္တိဓမ္မာဗိမာန်​တော်ကြီး၌ ကျင်းပခဲ့သည်။


ဦးစွာ မော်လမြိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး မော်လမြိုင်ခရိုင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က သနပ်ခါးသွေး​နှင့် လိမ်းခြယ်မှုပြိုင်ပွဲ စည်းကမ်းချက်များနှင့် အမှတ်ပေးစည်းမျဉ်းများအား ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် သူနာပြုသင်တန်း​ကျောင်းမှ ကျောင်းသူလေးများက အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ပြီး ဂုဏ်ပြုဆုငွေများပေးအပ်ကာ သနပ်ခါးလိမ်းခြယ်ပွဲ ယှဉ်ပြိုင်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။


ဆက်လက်၍ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ သနပ်ခါးသွေးနှင့် လိမ်းခြယ်မှုပြိုင်ပွဲ ဆုပေးပွဲကိုကျင်းပရာ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


စည်သူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)