ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့်ရှိ ဆရာ၊ ဆရာမများအား သင်ကြားသင်ယူမှုပိုမိုထိ‌ ရောက်စေရေးစွမ်းရည်မြှင့်ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့်ရှိ ဆရာ၊ ဆရာမများအား သင်ကြားသင်ယူမှုပိုမိုထိ‌ ရောက်စေရေးစွမ်းရည်မြှင့်ဆွေးနွေးပွဲကျင်းပ





ဒဂုံမြောက်၊ မတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့်ရှိ ဆရာ၊ ဆရာမများအား ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတော်ဝင် သဇင်ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ အလယ်တန်း၊ မူလတန်းအဆင့်ရှိ ဆရာ၊ ဆရာမအနေဖြင့် ဘာသာရပ်အလိုက် သင်ကြားမှုစွမ်းရည်နှင့် သင်ကြားမှုနည်းစနစ်များ ပိုမိုကျွမ်းကျင်လာစေရန်၊ သင်ကြားမှုလုပ်ငန်းများ စစ်ဆေးအကဲဖြတ်တတ်စေရန်၊ သတ်မှတ်ထားသော စံညွှန်းကိန်းများကို တတ်ကျွမ်းနားလည်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ‌မြို့နယ်ပညာရေးမှူး ဒေါ်နန်းစန္ဒာအောင်က ပြောကြားသည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာမကြီး ဒေါ်မြတ်ဆုဟန်က ဆွေးနွေးပွဲသင်ရိုးအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် သင်ကြားသင်ယူမှုပိုမိုထိ‌ရောက်စေရေး အရည်အ‌သွေးမြှင့်ဆွေးနွေးပွဲသို့ အလယ်တန်းအဆင့် ဆရာ ဆရာမ ၁၀၅ ဦး၊ မူလတန်းအဆင့် ဆရာ၊ ဆရာမ (၁၃၈) ဦးတို့အား မတ်လ (၂၄) ရက်နေ့မှ (၂၈) ရက်နေ့အထိ မြို့နယ်အတွင်းရှိ ဘာသာရပ်အလိုက် တတ်ကျွမ်းသော နည်းပြ ဆရာ၊ ဆရာမ (၂၀) ဦးတို့က ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မြင့်မြင့်ရီ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)