တွံတေး၊ မတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ အခြေခံပညာ (လယ်၊ မူ) အဆင့်ရှိ ဆရာ၊ ဆရာမများအား ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ကျွန်းတောတို့တွင် ကျင်းပခဲ့သည်။
တွံတေးမြို့နယ်တွင် အခြေခံပညာ (လယ်၊ မူ) အဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ကျင်းပရခြင်းမှာ တွံတေးမြို့နယ်အတွင်း (အလယ်တန်း၊ မူလတန်း) အဆင့်ရှိ ဆရာ၊ ဆရာမအနေဖြင့် ဘာသာရပ်အလိုက် သင်ကြားမှုစွမ်းရည်နှင့် သင်ကြားမှုနည်းစနစ်များ ပိုမိုကျွမ်းကျင်လာစေရန်၊ သင်ကြားမှုလုပ်ငန်းများ စစ်ဆေးအကဲဖြတ်တတ်စေရန်၊ သတ်မှတ်ထားသော စံညွှန်းကိန်းများကို တတ်ကျွမ်းနားလည်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။
တွံတေးမြို့နယ်၌ အခြေခံပညာ (လယ်၊ မူ) အဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲတွင် အလယ်တန်းအဆင့် ဆရာ၊ ဆရာမ (၂၇၀) ဦး၊ မူလတန်းအဆင့် ဆရာ၊ ဆရာမ (၂၈၉) ဦး တက်ရောက်လျှက်ရှိပြီး အဆိုပါဆွေးနွေးပွဲကို မတ်လ (၂၄) ရက်နေ့မှ (၂၈) ရက်နေ့အထိ တွံတေးမြို့နယ်အတွင်းရှိ ဘာသာရပ်အလိုက် တတ်ကျွမ်းသောနည်းပြ ဆရာ၊ ဆရာမ (၄၀) ဦးတို့က ဆွေးနွေးပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တွံတေးသား
Join - https://t.me/MyanmarNationalPost



No comments:
Post a Comment