အဘိဓဇမဟာရဋ္ဌဂုရု ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ရွှေကျင်နိကာယ အဓိပတိမဟာနာယက သီတဂူဆရာတော် ‌ဒေါက်တာအရှင်ဉာဏိဿရ၏ သက်တော်(၈၈) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော်မင်္ဂလာ ပထမနေ့တွင် သာသနာ့နွယ်ဝင် သီလရှင်အပါး(၁၀၀၀)အတွက် ဆွမ်းဆန်တော်၊ ဆီ ၊ ပဲ ၊ ဆေးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဘိဓဇမဟာရဋ္ဌဂုရု ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ရွှေကျင်နိကာယ အဓိပတိမဟာနာယက သီတဂူဆရာတော် ‌ဒေါက်တာအရှင်ဉာဏိဿရ၏ သက်တော်(၈၈) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော်မင်္ဂလာ ပထမနေ့တွင် သာသနာ့နွယ်ဝင် သီလရှင်အပါး(၁၀၀၀)အတွက် ဆွမ်းဆန်တော်၊ ဆီ ၊ ပဲ ၊ ဆေးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်း




စစ်ကိုင်း၊ မတ် ၁၁

အဘိဓဇမဟာရဋ္ဌဂုရု ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ရွှေကျင်နိကာယ အဓိပတိမဟာနာယက သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏ သက်တော် (၈၈) နှစ်ပြည့်ဝိဇာတမွေးနေ့အလှူတော်မင်္ဂလာပထမနေ့တွင် သာသနာနွယ်ဝင် သီလရှင်အပါး(၁၀၀၀)အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ပဲ ၊ ဆေးနှင့် လှူဖွယ်ပစ္စည်းများလောင်းလှူပွဲကို ယနေ့နံနက် ၇ နာရီအချိန်က စစ်ကိုင်း တောင်ရိုးရှိ သီတဂူ အပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ်၌ ကျင်းပသည်။  

ဦးစွာ စစ်ကိုင်းတောင်ရိုးတွင် ဝိပဿနာတရားများ ပွားများအားထုတ်လျက် ရှိကြသည့် သာသနာနွယ်ဝင် သီလရှင် ဆရာကြီး / ဆရာလေးများက ကျောင်း တိုက်များအလိုက် စနစ်တကျစီတန်း၍ အလှူခံကြွကြရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊  စစ်ကိုင်းမြို့ရှိ ဌာနဆိုင်ရာများ၊ ပြည်တွင်း/ပြည်ပမှ စေတနာရှင် အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်လောင်းလှူ ကြသည်။ ထို့နောက် သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရနှင့် အလှူခံ ကြွရောက် လာကြသည့် ဆရာကြီး / ဆရာလေးများက ကောင်းမှုကုသိုလ်များ အတွက် မေတ္တာပို့အမျှပေးဝေကြသည်။

သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏  သက်တော်(၈၈) နှစ်ပြည့် ဝိဇာတ မွေးနေ့အလှူတော်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ စစ်ကိုင်းမြို့ ရှိ ဌာနဆိုင်ရာများ၊ ပြည်တွင်း/ပြည်ပမှ စေတနာရှင်အလှူရှင်များက ဆွမ်းဆန်တော် (၁၀၀၀)အိတ်၊ ဆီ (၂၀၀၀) ပိဿာ၊ ၊ ပဲတစ်ပြည်ဝင်အိတ်(၁၀၀၀)အိတ်နှင့် လှူဖွယ် ပစ္စည်းများအား စစ်ကိုင်းတောင်ရိုးရှိ  သီလရှင်စာသင်တိုက်များမှ သာသနာ နွယ်ဝင်သီလရှင် ဆရာကြီး/ ဆရာလေးများကို လောင်းလှူခဲ့ကြကြောင်း သတင်း ရရှိသည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)