စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့(၁/၂၀၂၅)ညှိနှိုင်းအစည်းအဝေးတက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့(၁/၂၀၂၅)ညှိနှိုင်းအစည်းအဝေးတက်ရောက်



မုံရွာ၊ မတ် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၁/၂၀၂၅) ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းကဏ္ဍသည် အလွန် အရေးကြီးသည့် အတွက် တာဝန်ရှိသူများအနေဖြင့် ဉပဒေ၊ နည်းဉပဒေ၊ အမိန့်ညွှန်ကြား ချက်များအား တိကျစွာ လိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ လယ်ယာမြေအခြားနည်းအသုံးပြုခွင့် လျှောက်ထားလာသည့် တင်ပြချက်များအပေါ် မူတည်ပြီး မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် စီစစ်ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး လယ်ယာ‌မြေစီမံခန့်ခွဲမှုအဖွဲ့ အနေဖြင့်လည်း ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်ပါက ခွင့်ပြုပေးသွားကြရနနှင့်လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။  

ဆက်လက်၍ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်သန်းလွင်က တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၁/၂၀၂၅)သို့တင်ပြလာသည့်အမှုတွဲများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။  

ထို့နောက်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ (၁/၂၀၂၅)သို့တင်ပြလာသည့် အမှုတွဲများနှင့်ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။


တိုင်းဒေသကြီး

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)