Pages

Pages

အနုပညာအထက်တန်းကျောင်း (ရန်ကုန်) ၂ဝ၂၄ - ၂ဝ၂၅ ပညာသင်နှစ် သင်တန်းဆင်း အောင်လက်မှတ်အပ်နှင်းပွဲအခမ်းအနားကျင်းပ



ရန်ကုန်၊ မတ် ၁၀

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာန အနုပညာအထက်တန်းကျောင်း (ရန်ကုန်)၊ ၂ဝ၂၄-၂၀၂၅ ပညာသင်နှစ် သင်တန်းဆင်း အောင်လက်မှတ်ပေးအပ်ပွဲနှင့် စွမ်းရည်ပြ ပဒေသာကပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ (ရန်ကုန်) ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီးဒေါ်နုမြစံ၊ တိုင်းဒေသကြီး ဝန်ကြီးများသည် ပန်းချီပန်းပုဌာနမှ သင်တန်းဆင်းကြမည့် ကျောင်းသား၊ ကျောင်းသူများ၏ လက်ရာမွန် ပန်းချီပန်းပုပြခန်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားပြီး ပန်းချီပန်းပုဌာနနှင့် ပန်တျာဌာနတို့မှ ထူးချွန်ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူ (၁၀) ဦးအား ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ပြီး ကျောင်းသား၊ ကျောင်းသူများ ပညာရေး၊ ကျန်းမာရေး၊ စာသောက်ရေး အဆင်ပြေစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းသည့် ငွေကျပ်သိန်း (၁၀၀) အားပေးအပ်ရာ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။

ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါ်နုမြစံက အမှာစကား ပြောကြားပြီး ပန်းချီပန်းပုဌာနမှ သင်တန်းဆင်းကြမည့် ကျောင်းသား၊ ကျောင်းသူ (၁၂) ဦးနှင့် ပန်တျာဌာနမှ သင်တန်းဆင်းကြမည့် ကျောင်းသား၊ ကျောင်းသူ (၁၅) ဦးတို့အား အောင်လက်မှတ်များ ချီးမြှင့်ပေးအပ်ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ဧည့်သည်တော်များက ကျောင်းသား၊ ကျောင်းသူများအတွက် အလှူငွေများပေးအပ်လှူဒါန်းကြရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူခဲ့ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြစံနှင့် ဧည့်သည်တော်များသည် ပန်တျာဌာမှ ကျောင်းဆင်းစွမ်းရည်ပြ ပေဒသာကပွဲကို အားပေးကြည့်ရှုခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြစံ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်၊ အနုပညာဦးစီးဌာနမှ တာဝန်ရှိ သူများ၊ ကျောင်းသား၊ ကျောင်းသာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ဇွဲထက်ကို

https://t.me/MyanmarNationalPost

No comments:

Post a Comment