Pages

Pages

မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းသည် MEGA FORTRIS စက်ရုံသို့ သွားရောက်လေ့လာ




ကွာလာလမ်ပူ၊ မတ် ၁၀

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းသည် MEGA FORTRIS ၏ ဥက္ကဋ္ဌ Dato’ Nick Ng ၏ ဖိတ်ကြားချက်ဖြင့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ လုံခြုံရေးပစ္စည်းများ ထုတ်လုပ်သည့် MEGA FORTRIS စက်ရုံသို့ ၇-၃-၂၀၂၅ ရက်၊ နံနက်ပိုင်းတွင် သွားရောက်လေ့လာခဲ့သည်။

ယင်းသို့သွားရောက်ရာတွင် သံအမတ်ကြီးမှ MEGA FORTRIS ၏ ဥက္ကဋ္ဌ Dato’ Nick Ng နှင့် စက်ရုံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ MEGA FORTRIS မှ ထွက်ကုန်ပစ္စည်းများအား မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ တင်ပို့နိုင်မည့် အလားအလာများနှင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရေးနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ 

ထိုသို့ တွေ့ဆုံစဉ် အမှတ်တရလက်ဆောင်များအပြန်အလှန် ပေးအပ်ခဲ့ကြပြီး သံအမတ်ကြီးသည် ယင်းစက်ရုံတွင် အလုပ် လုပ်ကိုင်လျက်ရှိသည့် မြန်မာအလုပ်သမားများနှင့် တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့ကြောင်း သိရှိ ရပါသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment