ဝမ်းတွင်းမြို့က ဗုဒ္ဓဘာသာဝင်တွေ ဒုတိယ အကြိမ်ဝမ်းနည်းကြေကွဲ ကြရပြန်ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝမ်းတွင်းမြို့က ဗုဒ္ဓဘာသာဝင်တွေ ဒုတိယ အကြိမ်ဝမ်းနည်းကြေကွဲ ကြရပြန်ပြီ


ဝမ်းတွင်းမြို့နယ်၊ စွန်ကျောင်းကျေးရွာ၊ ရေတံခွန်ကျောင်း ကျောင်းထိုင်ဆရာတော် ဦးကောဝိဒ ကို မတ်လ ၂၁ ရက်နေ့ ည ၈ နာရီခန့်က မန်းလေး PDF က ဒလန်လို့ခေါင်းစဉ် တပ်ပြီး ဖမ်းဆီးသွားခဲ့ပါတယ်။ ဆရာတော်ကို ဖမ်းဆီးတဲ့အချိန်မှာ ရိုက်နှက်တာတွေအပြင် အတင်းအကြပ် သင်္ကန်းချွတ်ခိုင်းပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြတယ်၊၊ ဒီကောင်တွေဘယ်လောက်ထိ ယုတ်မာ ရိုင်းစိုင်းသလဲဆိုတာ စဉ်းစားသာကြည့်ပါတော့ဗျာ။ အခုချိန်မှာတော့ ဆရာတော်ကို ရက်ရက် စက်စက် သတ်ဖြတ်လိုက်ကြပြီလို့ သိရပါတယ်။ တကယ်တော့ ဆရာတော်က လောကီကိစ္စတွေကို ဝင်ရောက်မစွက်ဖက်ဘဲ ဝိနည်းနဲ့အညီနေထိုင်ပြီး သာသနာအတွက် အကျိုးပြုနေတဲ့ ကျောင်းထိုင် ဆရာတော်တစ်ပါးဖြစ်ပါတယ်။  

ဝမ်းတွင်းမြို့နဲ့ပတ်သက်ရင် ဆရာတော် ဦးကောဝိဒဟာ ဒုတိယမြောက် အကြမ်းဖက် PDF တွေရဲ့ သတ်ဖြတ်ခြင်းခံရတာပဲဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ ဘယ်တော့မှမမေ့နိုင်တဲ့ မြင်ကွင်း တစ်ခုဟာလည်း ဝမ်းတွင်းမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့ပါတယ်။ အဲဒါကတော့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က ဝမ်းတွင်းမြို့နယ်၊ သဲတောလေးကျေးရွာရှိ မင်္ဂလာမှန်ကျောင်း ကျောင်းထိုင် ဆရာတော် ဦးသောမနကို နေ့ဆွမ်းစားနေချိန်မှာ ဒလန်စွပ်စွဲချက်နဲ့ PDF အကြမ်းဖက်အဖွဲ့တွေက ဆွမ်းစားဝိုင်းမှာပဲ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ 

PDF အကြမ်းဖက်သမားတွေဟာ အပြစ်မဲ့ပြည်သူတွေကို ဒလန်စွပ်စွဲပြီး သတ်ဖြတ်နေရုံ သာမက ရဟန်းသံဃာ သီလရှင်တွေကိုပါ ဒလန်စွပ်စွဲချက်နဲ့ ရက်ရက်စက်စက်ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့တာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းမှ ဒီနေ့အထိ ရဟန်းသံဃာနဲ့ သီလရှင် စုစုပေါင်း ၁၈၀ နီးပါးရှိနေပြီ ဖြစ်ပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)