ညောင်ရွှေမြို့၌ ၁၃၈၆-ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ရွှေမြို့၌ ၁၃၈၆-ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အစည်းအဝေးပြုလုပ်


ညောင်ရွှေ၊ မတ် ၁၇

၁၃၈၆-ခုနှစ် အစိုးရဓမ္မစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတော်ကြီး အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၁)နာရီက ညောင်ရွှေမြို့၊ မြို့မရန်ကုန်ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။

ဦးစွာ အစည်းအဝေးတက်ရောက်လာသည့် ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အစည်းအဝေးကို စတင်ခဲ့ပြီး မြို့နယ်သာသနာရေးဦးစီးဌာန ဦးစီးအရာရှိ ဦးခန့်ထူးဇော်က စာမေးပွဲဆိုင်ရာများ တင်ပြလျှောက်ထားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းက သာသနာရေးဆိုင်ရာကိစ္စရပ်များကို လျှောက်ထားတင်ပြပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်နှင့် ကြွရောက်တော်မူလာကြကုန်သော ဆရာတော်များက ဩဝါဒအသီးသီး မြွက်ကြားခဲ့ကြသည်။

၎င်းနောက် အထွေထွေကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်းနှင့် အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ဓမ္မာစရိယတန်းစာမေးပွဲကို ၁၃၈၆-ခုနှစ် တန်ပေါင်းလပြည့်ကျော် (၁၂)ရက် (၂၅.၃.၂၀၂၅)ရက်နေ့မှ ၁၃၈၆-ခုနှစ် နှောင်းတန်ခူးလဆန်း (၅)ရက် (၂.၄.၂၀၂၅)ရက်နေ့အထိလည်းကောင်း၊ ပါဠိပထမပြန်စာမေးပွဲကို ၁၃၈၆-ခုနှစ် နှောင်းတန်ခူးလဆန်း(၃)ရက် (၃၁.၃.၂၀၂၅) ရက်နေ့မှ ၁၃၈၆-ခုနှစ် နှောင်းတန်ခူးလဆန်း (၉)ရက် (၆.၄.၂၀၂၅)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


စိုင်းအယ်ဘဲ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)