ကနေဒါနိုင်ငံသား ၄ ဦးကို သေဒဏ်ပေးလို့ တရုတ်ကို ရှုံ့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကနေဒါနိုင်ငံသား ၄ ဦးကို သေဒဏ်ပေးလို့ တရုတ်ကို ရှုံ့ချ



မတ်- ၂၀ ( ကြာသပတေးနေ့ ) 

နှစ်နိုင်ငံ သံတမန်ရေးရာ တင်းမာမှုများ ဖြစ်ပေါ်နေချိန်တွင် တရုတ်နိုင်ငံတွင် မူးယစ်ဆေးဝါး မှောင်ခိုကူးမှု စွဲချက်ဖြင့် ကနေဒါ နိုင်ငံသား လေးဦး သေဒဏ်ပေးခဲ့တာကြောင့် တရုတ်ကိုနိုင်ငံ ကနေဒါနိုင်ငံက ပြင်းပြင်းထန်ထန် ရှုံ့ချခဲ့ပါတယ်။ 

သေဒဏ်ပေးခံရတဲ့ လေးဦးစလုံးသည် တရုတ် - ကနေဒါ ၂ နိုင်ငံသားအဖြစ် ခံယူထားတာဖြစ်ပြီး ယခုနှစ် အစောပိုင်းက ကွပ်မျက်ခံခဲ့ရကြောင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီး မီလာနီဂျိုလီက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပါတယ်။ အော့တဝါအစိုးရက အလားတူကံကြမ္မာကို ရင်ဆိုင်နေရသော အခြား ကနေဒါနိုင်ငံသားများ အတွက် သက်ညှာမှုပေးရန် တောင်းဆိုမည် ဖြစ်ကြောင်း သူမက ထပ်လောင်း ပြောကြားခဲ့ပါတယ်။ “ကွပ်မျက်ခံခဲ့ရတာ ကနေဒါနိုင်ငံသား လေးဦးရှိနေပြီဖြစ်တာကြောင့် ဖြစ်ပျက်ခဲ့တာတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” လို့ သူမက ပြောကြားခဲ့ပါတယ်။ 

 “ကနေဒါသည် တရုတ်နိုင်ငံ၏ သေဒဏ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ကနေဒါနိုင်ငံက ဒီလူတွေကို ခွင့်လွှတ်ပေးဖို့ အဆင့်မြှင့်အရာရှိအဆင့်ကနေ အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီး ကိစ္စရပ်တိုင်း၊ နေရာတိုင်းမှာ သေဒဏ်ကို ဆန့်ကျင်တဲ့အနေနဲ့ အခိုင်အမာ ဆက်လက်ရပ်တည်နေပါတယ်" လို့ ဆိုပါတယ်။ 

ကနေဒါနိုင်ငံက သေဆုံးသူများ၏ မိသားစုများကို ကောင်စစ်ဝန်အကူအညီဖြင့် စောင့်ရှောက် ပေးနေပြီး မီဒီယာများအား "ဤခက်ခဲသောအချိန်ကာလအတွင်း မိသားစုနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို လျှို့ဝှက်ပေးပါ” လို့ တလေးတစား တောင်းဆိုထားပါတယ်။ 

ကနေဒါနိုင်ငံရှိ တရုတ်သံရုံးက  "တရားဥပဒေစိုးမိုးရေး"သည် နိုင်ငံတစ်ခု၏အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်လို့ ဥပဒေချိုးဖောက်မှုဖြင့် အရေးယူခံရသည့် မည်သူမဆို "တာဝန်ခံရမည်" လို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။  “မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ရာဇဝတ်မှုဟာ လူ့အဖွဲ့အစည်းကို အလွန်အန္တရာယ်ပြုတဲ့ ရာဇဝတ်မှုအဖြစ် ကမ္ဘာတစ်ဝှမ်းက အသိအမှတ်ပြုထားပြီး နိုင်ငံတိုင်းမှာ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ တရုတ်နိုင်ငံဟာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ရာဇဝတ်မှုတွေအတွက် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေကို အမြဲတမ်း ချမှတ်ထားပြီး မူးယစ်ဆေးဝါး ပြဿနာအပေါ် လုံးဝသည်းမခံတဲ့ သဘောထားကို ဆက်လက်ထားရှိထားပါတယ်” လို့ သံရုံးက ပြောကြားပြီး အကျဉ်းထောင်များတွင် စီရင်ချက်ချခံရသူများတွင် ခိုင်လုံပြီး လုံလောက်သော အထောက်အထားများ ရှိကြောင်း သိရပါတယ်။ 


REF: guardian

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)