ဂျပန်ရဲမေတွေ စကတ်ဝတ်ရမယ်ဆိုတာကို ဖျက်သိမ်းလိုက်ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂျပန်ရဲမေတွေ စကတ်ဝတ်ရမယ်ဆိုတာကို ဖျက်သိမ်းလိုက်ပြီ


မတ် - ၂၃ ( တနင်္ဂနွေနေ့ ) 

ဂျပန်နိုင်ငံသည် ဇန်နဝါရီလတွင် နှစ်သစ်ကူးကို စတင်ကျင်းပသော်လည်း နိုင်ငံ၏ နွေဦးရာသီရောက်မှ အသစ် စတင်မည့်အချိန် ဖြစ်ပါတယ်။ နွေဦးရာသီသည် စာသင်နှစ်စသည့် အချိန်ဖြစ်ပြီး ကုမ္ပဏီအများစုသည် ၎င်းတို့၏ ဘဏ္ဍာရေးနှစ်များ စတင်ချိန်နှင့် အများသူငှာ မူဝါဒအသစ်အများစု အသက်ဝင်သည့်အချိန်ဖြစ်ပါတယ်။ 

၂၀၂၅ ခုနှစ်အတွက် ဂျပန်အမျိုးသားရဲအေဂျင်စီမှ ဝတ်စားဆင်ယင်မှုအသစ်တစ်ခု ပြောင်းလဲကာ အသစ်တစ်ခုကို စလိုက်ပါတယ်။  ယခုနွေဦးရာသီမှစပြီး  ဂျပန်ရဲမေများသည်  ၎င်းတို့ရဲ့ ယူနီဖောင်း အစိတ်အပိုင်းဖြစ်တဲ့ စကတ်တိုများ ဝတ်စရာမလိုတော့ပါ။  

ဂျပန်နိုင်ငံ၏ စီရင်စုရဲဌာနများအတွက် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့အစည်းအဖြစ် ဆောင်ရွက်သည့် အမျိုးသားရဲအေဂျင်စီသည် အမျိုးသမီးရဲအရာရှိများအား ဝတ်စုံရှပ်အင်္ကျီ၊ နွေရာသီအပြင်ဘက် ဂျာကင်အင်္ကျီနှင့် စကတ် သို့မဟုတ် ဘောင်းဘီတို့ကို ဝတ်ဆင်ရမည်ဟု သတ်မှတ်ထားသော ၁၉၇၆ ခုနှစ် နိုင်ငံတစ်ဝှမ်း စံသတ်မှတ်ထားသော ယူနီဖောင်းကုဒ်များကို ပထမဆုံး ဖန်တီးခဲ့ပါတယ်။ မကြာမီ အသက်ဝင်တော့မည့်ကုဒ်များကတော့ စကတ်များကို လုံးလုံးလျားလျား ဖျက်သိမ်းလိုက်ပါတယ်။

စကတ်များသည် နှစ်ပေါင်း ၅၀ နီးပါး ဂျပန်ရဲအမျိုးသမီး ယူနီဖောင်းများထဲမှ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆိုခဲ့ပေမဲ့  ရဲတပ်ဖွဲ့ဝင်များ အနေနှင့် ယခင်က အမျိုးသား အရာရှိများသာ လုပ်ဆောင်ခဲ့သည့် ဥပဒေ စိုးမိုးမှု အမျိုးအစားများ ပါဝင်လာ တဲ့အတွက်ကြောင့်နဲ့ အမျိုးသမီး အရာရှိများ၏ တာဝန် နယ်ပယ် ကျယ်ပြန့်လာခြင်းကြောင့် လက်တွေ့တွင် ဝတ်ဆင်ထားသော စကတ်များ ဝတ်ဆင်မှုက အခက်အခဲ တစ်ခုဖြစ်လာပါတယ်။ 

ရဲအမျိုးသမီးအားလုံးနီးပါးသည် စကတ်များဝတ်ဆင်ကြရပေမဲ့ ဂျပန်ခရိုင်ရဲဌာန ၄၇ ခုအနက် ၂၆ ခုတွင် အမျိုးသမီးအရာရှိများ၏ ယူနီဖောင်းအတွက် စကတ်များကိုပင် ထုတ်မပေးတော့ပေ။ ထို့ကြောင့် စကတ်များကို ရဲယူနီဖောင်းမှ တရားဝင် ဖျက်သိမ်းမည်ဖြစ်သော်လည်း အမျိုးသားရဲအေဂျင်စီ၏ အထက်မှအောက်သို့ မူဝါဒ ချမှတ်ခြင်း အများစုမှာ ၎င်းတို့၏ အလုပ်များကို ပိုမိုထိရောက်စေရန်အတွက် ဘောင်းဘီများ ဝတ်ဆင်ထားပြီးဖြစ်ကြောင်း သိရပါတယ်။ 


REF: Sora News 24

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)