ပခုက္ကူမြို့၌ ၂၀၂၅ခုနှစ် ကမ္ဘာ့တီဘီရောဂါနေ့အထိမ်းအမှတ်အသိပညာပေးလုပ်ငန်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူမြို့၌ ၂၀၂၅ခုနှစ် ကမ္ဘာ့တီဘီရောဂါနေ့အထိမ်းအမှတ်အသိပညာပေးလုပ်ငန်းဆောင်ရွက်





ပခုက္ကူ၊ မတ်၂၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့တီဘီရောဂါနေ့အထိမ်းအမှတ် အသိပညာပေးလုပ်ငန်းကို ယနေ့ နံနက် ၉ နာရီအချိန်က လှုပ်ရှားဆောင်ရွက်သည်။

အဆိုပါ အသိပညာပေးလုပ်ငန်းကို ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံအုပ်ကြီးနှင့် တိုက်ဖျက်ရေးဌာနမှကျန်းမာရေးဝန်ထမ်းများ၊  မြန်မာနိုင်ငံဆရာဝန်အသင်းတီဘီစီမံချက် (ညောင်ဦးနှင့်ပခုက္ကူခရိုင်) တာဝန်ခံဆရာဝန် ဒေါက်တာဌေးလှိုင်၊ တွဲလက်များပရဟိတအဖွဲ့ဝင်များပူးပေါင်းပြီး ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့တီဘီရောဂါနေ့အထိမ်း အမှတ်အဖြစ် တီဘီရောဂါကာကွယ်ဆေးမှီဝဲသုံးစွဲနေသော လူနာ(၃၅)ဦးအတွက် လိုအပ်သည့်ဆေးဝါးများနှင့် အာဟာရပစ္စည်းများပေးအပ်ခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ဘာမီသာ(ပခုက္ကူ) 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)