ရပ်စောက်၌ စံ(၅) ရပ်နှင့်အညီဖြစ်စေရန် ရတနာပုံ(အနောက်)ကျေးရွာစာကြည့်တိုက်အား ပြန်လည်ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရပ်စောက်၌ စံ(၅) ရပ်နှင့်အညီဖြစ်စေရန် ရတနာပုံ(အနောက်)ကျေးရွာစာကြည့်တိုက်အား ပြန်လည်ဖွင့်လှစ်





ရပ်စောက်၊ မတ် ၂၀

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု ရတနာပုံ (အနောက်) ကျေးရွာတွင် “ရတနာ အလင်း” စာကြည့်တိုက်အား စံ(၅) ရပ်နှင့်အညီဖြစ်စေရန် ပြန်လည်ဖွင့်လှစ်ခြင်အခမ်းအနားကို ယနေ့နံနက် ၉နာရီက အဆိုပါကျေးရွာ စာကြည့်တိုက် တွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ “ရတနာ အလင်း” စာကြည့်တိုက်အား စံ(၅) ရပ်နှင့်အညီ ရှင်သန်ခိုင်မာရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမင်းစိုးနိုင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီးနောက်  စာကြည့်တိုက်အတွင်းလှည့်လည်ကြည့်ရှုခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌမှ အဖွင့်အမှာစကားပြောကြားရာတွင် စံ(၅)ရပ်အားသိရှိနားလည်ရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းရအောင် သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆောင်ရွက်ပေးနိုင်စေရန်၊ စာအုပ်စာစောင်များ ပျောက်ဆုံးပျက်စီးမှုလျော့နည်းစေရေးအတွက် စနစ်တကျထိန်းသိမ်းရန်၊ မြို့နယ်အတွင်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး အစဉ်မပြတ်ဆောင်ရွက်နိုင်စေရေးအတွက် အားလုံးဝိုင်းဝန်းကူညီဆောင်ရွက်သွားကြစေလို ကြောင်းပြောကြားပြီးနောက် ကျေးရွာမှ ရပ်မိ၊ ရပ်ဖများက စာကြည့်တိုက်အတွက် ငွေကျပ် (၂၀၀၀၀၀) အားလှူဒါန်း‌ခဲ့ပြီး စာကြည့်တိုက် ကော်မတီဝင်တစ်ဦးလက်ခံရရှိကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့‌ကြောင်းသိရသည်။

အခမ်းအနားသို့ မြို့နယ်စီအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာသူ/ ကျေးရွာသားများတက်ရောက်ခဲ့ကြောင်းသိရသည်။



https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)