ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၇)နှစ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၇)နှစ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်



ပဲခူး၊ မတ် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၇) နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား ၁၃၈၆ခုနှစ်၊ တန်ခူးလဆန်း(၁၀)ရက်နေ့မှ တန်ခူးလပြည့်ကျော်(၄)ရက်နေ့အထိ၊ ၂၀၂၅ခုနှစ်၊ဧပြီလ(၇)ရက်နေ့မှ ဧပြီလ(၁၆)ရက်နေ့အထိ (၁၀)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါဗုဒ္ဓပူဇနိယပွဲတော်ကာလ တန်ခူးလပြည့်နေ့၊ ဧပြီလ(၁၂)ရက်နေ့ ညနေပိုင်းအချိန်တွင် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ စေတနာရှင်ပြည်သူအများမှ သံဃာအပါး(၅၀၀)အား ဆွမ်းဆန်စိမ်းနှင့်နဝကမ္မလှူဖွယ်ပစ္စည်းများ လောင်းလှူသွားမည်ဖြစ်ပြီး ယမန်နှစ်ပွဲတော်ရက်အတွင်း၌ ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းအစီအစဉ်များ၊ ဒေသထွက်ကုန်များရောင်းချခြင်း၊ ကုန်ပစ္စည်းများအား ဈေးနှုန်းချိုသာစွာရောင်းချခြင်း အစီအစဉ်များနှင့် ပျော်ပွဲရွှင်ပွဲများ၊ ကလေးကစားကွင်းများ၊ ဌာနဆိုင်ရာများ၏ ပညာပေးသရုပ်ပြခန်းများ၊ အခမဲ့မြန်မာ့ရိုးရာဇာတ်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး ယခုနှစ်တွင်မူ ယခင်ထက် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။


ဖြိုးကိုလင်း(ညောင်ဝိုင်း)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)