မန္တလေးမြို့တွင် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးမြို့တွင် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 



ချမ်းအေးသာစံ , မတ် ၁၂


မန္တလေးမြို့တွင် ၂၀၂၅ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်လ(၁၁)ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် ကျင်းပရေးကော်မတီများမှအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


လုပ်ငန်းအစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် မန္တလေးမြို့တွင် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ပြည်သူအားလုံး အေးချမ်းပျော်ရွှင်ကြည်နူးစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် အတည်ပြုသတ်မှတ်ခံရသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ရိုးရာပွဲတော်တစ်ခုဖြစ်၍ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကိုလက်ဆင့်ကမ်းထိန်းသိမ်းခြင်းဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှုသင်္ကြန်ဆိုသည့်အတိုင်း ယဉ်ကျေးမှုနှင့်အညီကျင်းပသွားမည်ဖြစ်ရာ အားလုံးတက်ညီလက်ညီကြိုးပမ်းသွားကြရမည် ဖြစ်ပါကြောင်း၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင်သံဃာတော် ၁၀၈ ပါးဖြင့် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း၊ ဇီဝိတဒါန ငါးလွှတ်ခြင်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ရာ ကော်မတီနှင့် လုပ်ငန်း ကော်မတီများအလိုက် လစ်ဟင်းမှုမရှိစေရေး စနစ်တကျကြပ်မတ် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။


၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ဖွင့်ပွဲ/ ပိတ်ပွဲ အခမ်းအနားများနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးပြောကြားပြီးနောက် လုပ်ငန်းကော်မတီဝင်များက လုပ်ငန်းကဏ္ဍများ အလိုက်ဆောင်ရွက်မည့်အစီအမံများအား ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးချက်များနှင့် ရှင်းလင်းတင်ပြချက်များအပေါ် ပေါင်းစပ်ညှိုနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။


ထွန်းထွန်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)